ကိုယ်အလေးချိန်ကြောင့် ရင်သား ကင်ဆာဝေဒနာ ဖြစ်နိုင်ချေ ပိုများ
ခံစားရတတ်တဲ့ ကျန်းမာရေး ဝေဒနာတွေ လျော့ ပါးနိုင်ဖို့အတွက် ခန္ဓာကိုယ်အလေးချိန် အမြဲ အသင့် အတင့်ရှိနေဖို့ဟာ အရေး ကြီးဆုံး အချက်တွေ ထဲမှာမှ တစ်ခုဖြစ်ပါတယ်။
ကင်ဆာကာကွယ်ရေး ဖောင်ဒေးရှင်းမှ ပြောပြ ချက်အရ ကိုယ်အလေးချိန် အရမ်းများတဲ့ အမျိုးသမီး ဟာ ရင်သား ကင်ဆာရနိုင်ချေ ၃၀-၆၀ ရာခိုင်နှုန်း ရှိပါတယ်။
ဗိုက်ထဲမှာရှိတဲ့ အဆီဆဲလ်တွေဟာ ငြိမ်ငြိမ်လေး ထိုင်နေတာမှ မဟုတ်ပဲ။ မလိင်ဟော်မုန်း (estrogen) တွေ ပိုပြီး များပြားစေပါတယ်။
ဗိုက်ထဲမှာရှိတဲ့ အဆီဆဲလ်တွေဟာ ငြိမ်ငြိမ်လေး ထိုင်နေတာမှ မဟုတ်ပဲ။ မလိင်ဟော်မုန်း (estrogen) တွေ ပိုပြီး များပြားစေပါတယ်။
အဲဒါကြောင့် သင်အဆီပိုများလေ ဟော်မုန်းတွေ ခန္ဓာကိုယ်ကနေ ပိုပြီး ထုတ်လုပ်ပေးလေ ဖြစ်ပါတယ်။ ဘဝတလျှောက်မှာ ဟော်မုန်းလည်ပတ်မှု အိုဗာဖြစ်နေတယ်ဆိုရင် သင်ရင်သားကင်ဆာ ဝေဒနာခံစားရဖို့ ပိုပြီး ဖြစ်နိုင်ချေများတယ်လို့ အမေရိကန်ဆေးပညာတက္ကသိုလ်မှ ဆရာတစ်ဦးက ပြောဆိုခဲ့ပါတယ်။
ဒါဆိုရင် ကျန်းမာတဲ့ ကိုယ်အလေးချိန်ဆိုတာဘာလဲ။
ဒါဆိုရင် ကျန်းမာတဲ့ ကိုယ်အလေးချိန်ဆိုတာဘာလဲ။
BMI တိုင်းတာချက်က သိပ်ပြီးတိကျတဲ့အဖြေကို မပေးနိုင်ပေမယ့် သင့်ကိုယ်အလေးချိန် အခြေအနေကိုတော့ ခန့်မှန်းပေးနိုင်ပါတယ်။
အဲဒါကြောင့် သင်ကိုယ်အလေးချိန် အိုဗာဖြစ်နေတယ် ဒါမှမဟုတ် ဗိုက်အဆီထူနေတယ် ဆိုရင်တော့ သင်အချိန် မဖြုန်းပါနဲ့တော့။
သွယ်လျတဲ့ခန္ဓာကိုယ် ပိုင်ဆိုင်ဖို့ ကျန်းမာရေးဆိုင်ရာ အကြံပေးချက်များကို လိုက်နာရင်းနဲ့ စတင်လိုက်ပါ။
အမြဲသတိရ ရမယ့် အရာတစ်ခုကတော့ သင့်ခန္ဓာကိုယ် နှင့် ရင်သားကင်ဆာဝေဒနာ ကာကွယ်ခြင်းအတွက် သင်ကိုယ်တိုင် လုပ်ဆောင်နိုင်တဲ့ အကောင်းဆုံးအရာကတော့ ကိုယ်အလေးချိန် အသင့်အတင့်ရှိအောင် ထိန်းသိမ်းထားဖို့ပဲ ဖြစ်ပါတယ်။
Ref:womenshealthmag.com
Ref:womenshealthmag.com


0 မှတ်ချက်များ for "ကိုယ်အလေးချိန်ကြောင့် ရင်သား ကင်ဆာဝေဒနာ ဖြစ်နိုင်ချေ ပိုများ"