ခွဲထွက်ရေးသူပုန်တွေ သိမ်းပိုက်ထားတဲ့မြို့ကို ယူရိန်းအစိုးရတပ် ပြန်လည်ထိန်းချုပ်
ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေ အဓိက
ခြေကုပ်ရာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက Slovyansk မြို့ကို ယူရိန်းအစိုးရတပ်က ပြန်လည် ထိန်းချုပ်လိုက်ပြီး ဖြစ်ပါတယ်။
ခြေကုပ်ရာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက Slovyansk မြို့ကို ယူရိန်းအစိုးရတပ်က ပြန်လည် ထိန်းချုပ်လိုက်ပြီး ဖြစ်ပါတယ်။
သူပုန်တွေနဲ့ ယူရိန်းအစိုးရတပ်ကြား လနဲ့ချီ တိုက် ပွဲတွေ ဖြစ်ပွားပြီးနောက် Slovyansk မြို့ ကို ဂျူလိုင် ၅ ရက်နေ့မှာ ပြန်လည် ထိန်းချုပ်နိုင်ပြီး နိုင်ငံတော် အလံကို လွှင့်ထူဖို့
ယူရိန်းသမ္မတ Petero Poroshenko က စစ်တပ်ကို ဒီကနေ့ အမိန့်ပေး လိုက်ပါတယ်။
ယူကရိန်းအရှေ့ပိုင်းက Slovyansk မြို့ကို ရုရှားလိုလားသူ ခွဲထွက်ရေး ဝါဒီတွေ လက်ထဲက ပြန်လည် သိမ်းယူနိုင် လိုက်တာဟာ အရေးကြီးတဲ့ အောင်မြင်မှုတစ်ရပ် ဖြစ်တယ်လို့ Petero Poroshenko က ပြော လိုက်ပါတယ်။
အစိုးရတပ်တွေက မော်တာကျည်တွေနဲ့ ပစ်ခတ်တာခံခဲ့ရပြီးတဲ့နောက်မှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေး ၀ါဒီတွေ မြို့ကနေ ထွက်ခွာသွားကြတယ်လို့ အစိုးရ တာဝန်ရှိသူတွေနဲ့ မျက်မြင်တွေက ပြောပါတယ်။
ရုရှားလိုလားတဲ့ ခွဲထွက်ရေးဝါဒီတွေဟာ ဧပြီလ အစောပိုင်းကစလို့ Slovyansk မြို့က အစိုးရရုံးတွေနဲ့ ရဲဌာန ချုပ်တွေကို သိမ်းယူထားခဲ့တာဖြစ်ပြီး ယူရိန်းအစိုးရတပ်က Slovyansk မြို့ကို အခုလို ပြန်လည် သိမ်းပိုက်နိုင်ဖို့ လအတော်ကြာ ထိုးစစ်ဆင်ပြီး အခုလို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ တာဖြစ်ပါတယ်။
ခွဲထွက်ရေးသူပုန်တွေဟာ Slovyansak မြို့အနီးကမြို့တွေမှာ ပြန်လည် အင်အား စုစည်းမယ်လို့ ပြော ကြားနေ ပါတယ်။


0 မှတ်ချက်များ for "ခွဲထွက်ရေးသူပုန်တွေ သိမ်းပိုက်ထားတဲ့မြို့ကို ယူရိန်းအစိုးရတပ် ပြန်လည်ထိန်းချုပ်"