မလေးရှား MH17 လေယာဉ်ပစ်ချမှု စစ်ရာဇဝတ်မြောက်

ရုရှား-ယူကရိန်းနယ်စပ်မှာ မလေးရှားလေယာဉ် MH17 ကို ပစ်ချခဲ့တာဟာ စစ်ရာဇဝတ်မှုဖြစ်တယ် လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိချုပ် Navi Pillay က ဆိုပါတယ်။ 

လူပေါင်း ၂၉၈ ဦး သေဆုံးတဲ့ MH17 လေယာဉ်ကို ရုရှားအစိုးရကို လိုလားတဲ့ ယူကရိန်းခွဲထွက်ရေး သူပုန်တွေက ပစ်ချခဲ့တယ်လို့ ယူကရိန်းအစိုးရနဲ့ အနောက်နိုင်ငံအစိုးရတွေက ယုံကြည်ကြပါတယ်။ 

 နိုင်ငံတကာ ကျွမ်းကျင်သူတွေက လေယာဉ်ပျက်အစအနတွေနဲ့ လူအလောင်းတွေကို လေ့လာ စမ်းစစ်နိုင်ရေး လုံခြုံအောင်လုပ်ပေးဖို့ နယ်သာလန်နဲ့ သြစတြေးလျ လုံခြုံရေးတပ်ဖွဲ့တွေက လေယာဉ် ပျက်ကျတဲ့နေရာကို သွားနေပါတယ်။ 

ယူကရိန်းခွဲထွက်ရေးသူပုန်တွေအတွက် အဓိက ထောက်ပံ့ရေးလမ်းကြောင်းသွားရာ လမ်မကြီးနှစ်ခုကို ယူကရိန်းစစ်တပ်က ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။

0 မှတ်ချက်များ for "မလေးရှား MH17 လေယာဉ်ပစ်ချမှု စစ်ရာဇဝတ်မြောက်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++