အစ္စရေးနဲ့အတူ မနေချင်ဘူးလို့ ဟားမတ်စ် စစ်သွေးကြွ့ခေါင်းဆောင် ပြော
အစ္စရေးမြေထဲကို ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတာဟာ ပါလက်စတိုင်းကို ကာကွယ်တာ ဖြစ်ပြီး အစ္စရေးနဲ့အတူ မနေချင်တော့ဘူးလို့ ဟားမတ်စ်စစ်သွေးကြွအဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။
ဒုံးကျည်နဲ့ပစ်တာဟာ အစ္စရေးရဲ့ ရန်လိုမှုကို ခုခံကာကွယ်တာ ဖြစ်တယ် လို့ ဇူလိုင် ၂၆ ရက်နေ့က အမေရိကန်ရုပ်သံ ပီဘီအက်စ်နဲ့ မေးမြန်းမှု မှာ ဟားမတ်စ် အဖွဲ့ခေါင်းဆောင် ခါလစ် မီရှားလ်က ပြောကြား ပါတယ်။
အနောက်ဘက်ကမ်းနဲ့ ဂါဇာကမ်းမြောင်က ရန်လိုမှုတွေကို ချင့်ချိန် ဆုံးဖြတ်ရမယ့်အစား အစ္စရေးက ဟားမတ်စ်အဖွဲ့ကို စွပ်စွဲပြီး ကောက်ချက်ချခဲ့တယ်လို့လည်း ခါလစ်က ပြောပါတယ်။
အာရပ်လူမျိုးတွေအပါအ၀င် အာရပ်မဟုတ်တဲ့ ဂျူး၊ ခရစ်ယာန်တွေနဲ့ အတူ ယှဉ်တွဲနေထိုင်ဖို့ အဆင်သင့် ပဲလို့
ပြောခဲ့ဖူးတဲ့ ခါလစ်က ကျူးကျော်သိမ်းပိုက်တဲ့ အစ္စရေးနဲ့အတူ မနေချင်တော့ဘူးလို့ ပြောဆို လိုက်ပါတယ်။
အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အစ္စရေးဘက်က အရပ်သားများအပါအ၀င် စစ်သည် ၅၁ဦး သေးဆုံးပြီး ပါလက်စတိုင်းဟားမတ်စ် စစ်သွေးကြွဘက်ကလည်း အရပ်သားများအပါအ၀င် ၁၀၆၀ ကျော် ဆုံးခဲ့ပါတယ်။


0 မှတ်ချက်များ for "အစ္စရေးနဲ့အတူ မနေချင်ဘူးလို့ ဟားမတ်စ် စစ်သွေးကြွ့ခေါင်းဆောင် ပြော"