မြောက်ကိုရီးယားက ဟားမားစ်စစ်သွေးကြွတွေကို ဒုံးကျည်လက်နက်များ ရောင်းချပေး

အစ္စရေးကို တိုက်ခိုက်နေတဲ့ ဟားမားစ် စစ်သွေးကြွ
တွေအား မြောက်ကိုရီးယားက ဒုံးလက်နက်များနှင့် စစ်ဘက် အသုံးအဆောင်များ ရောင်းချပေးနေတယ် လို့  အနောက်နိုင်ငံသတင်းစားတွေကဖော်ပြကြ ပါတယ်။ 

ဟားမားစ်စစ်သွေးကြွနှင့် ဟစ်ဇ်ဘိုလာ စစ်သွေးကြွ
တွေကို ဒုံးကျည်လက်နက်များနှင့် စစ်ဘက်အသုံး အဆောင်များ  မြောက်ကိုရီးယားက ရောင်းချပေး
နေကြောင်း အနောက်နိုင်ငံတွေရဲ့ ထောက်လှမ်းရေး သတင်းရင်းမြစ်များကို ကိုးကားပြီး ဗြိတိန်ရှိ ဇူလိုင် ၂၇ နေ့ထုတ် the Telegraph သတင်းစာဖော်ပြပါတယ်။ 

ဒေါ်လာ တစ်ဘီလီယံတန်ဖိုးရှိတဲ့ ဒုံးကျည်လက်နက်များနှင့် စစ်ဘက်အသုံးအဆောင်တွေကို လီဘီနွန် အခြေစိုက် ကုမ္မဏီတခုကနေတဆင့် မြောက်ကိုရီးယားက ဟားမားစ်စစ်သွေးကြွတွေကို ရောင်းချပေး ခဲ့တယ်လို့ အနောက်နိုင်ငံများမှ ထောက်လှမ်းရေးအကြီးအကဲတွေက ဆိုပါတယ်။ 

ဂါဇာနဲ့လက်ဘနွန် စစ်သွေးကြွတပ်တွေကို ဒုံးကျဉ်လက်နက်များ ရောင်းချပေးနေတယ်ဆိုတဲ့သတင်းဟာ အခြေအမြစ်လုံးဝခိုင်မာမှုမရှိဘဲ ဝါဒဖြန့်မှုတွေသာဖြစ်ပြီး မြောက်ကိုရီးယားကို နိုင်ငံတကာ အသိုင်းအဝန်း ကနေ ခွဲထုတ်ဖို့ အနောက်နိုင်ငံတို့ရဲ့ အားထုတ်မှုသာ ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ဌာနက ကြေညာချက်ထုတ်ပြန် တုံ့ပြန် လိုက်ပါတယ်။ 

အီရန်ကနေတစ်ဆင့် ဟစ်ဇ်ဘိုလာစစ်သွေးကြွတွေထံ ပို့ဆောင်ရန် စီစဉ်ထားတဲ့ လက်နက်ပစ္စည်း (၃၅)တန် တင်ဆောင်လာတဲ့ မြောက်ကိုရီးယားလေယာဉ်တစ်စီးကို ၂၀၀၉ ခုနှစ်မှာ ဘန်ကောက်တွင် သိမ်းဆီးခံခဲ့ဖူး ပါတယ်။

0 မှတ်ချက်များ for " မြောက်ကိုရီးယားက ဟားမားစ်စစ်သွေးကြွတွေကို ဒုံးကျည်လက်နက်များ ရောင်းချပေး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++