တော်လှန်ရေး သတိ
အော်သံပေးပြီး
အပျော်ကြံ ပြေးတာ
တော်လှန်ရေး မဟုတ်ပါ ... ။
ကျယ်ပြန့်တဲ့ ဥာဏ်ပညာ
ကြီးမားတဲ့ စေတနာ
ဒေါသမဲ့ မေတ္တာနဲ့
သစ္စာအတွက်
အသက်ပေးကာ
လေးစားအပ်တဲ့ တော်လှန်ရေးပါ ... ။
နေရာတကာမှာ
မရေရာ ဇဝေဇဝါနဲ့
ဝေဒနာသည်တွေလဲ ရှိတတ်တာ ... ။
အချိန်သမားတော်က
စိန်သွားပေါ်အောင် သွေးမှာမို့
အရေးတော်ပုံ အောင်မည်သာ ... ။
လှေကြုံစီးသမားတွေက
ငွေပုံကြီး အနားမှာ
ရွှေဘုံထီးနဲ့ အလှမ်းကွာ ... ။
အပျော်ကြံ မပြေးမိဖို့
တော်လှန်ရေးသတိရှိအောင်
မိမိကိုယ်ကို ဆုံးမပါ ... ။ ။
( တင်မိုး )
၈.၁၁.၂၀၀၃ ၊ နံနက်ခင်း


0 မှတ်ချက်များ for " တော်လှန်ရေး သတိ"