လက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်ကို ရုရှားချိုးဖောက်တယ်လို့ အမေရိကန်ပြော
ပြီးခဲ့တဲ့နှစ်မှာ ခရုစ်ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်ခတ် ခဲ့တဲ့ ရုရှားက တာလတ်ပစ် နျူကလီးယားလက်နက် စာချုပ် (INF) လက်နက်ထိန်းချုပ်ရေး သဘောတူ စာချုပ်ကို ချိုးဖောက်ခဲ့ကြောင်း အမေရိကန် အစိုးရ က ပြောကြားလိုက်ပါတယ်။
လက်နက်ထိန်းချုပ်ရေးစာချုပ်အရ ကီလိုမီတာ (၅၀၀) မှ (၅၅၀၀)အထိ ခရီးပေါက်နိုင်တဲ့ မြေပြင်အခြေစိုက် ခရုစ်ဒုံးကျည်များ စမ်းသပ်ခွင့်မရှိဘဲ ရုရှားက စမ်းသပ်ပစ်ခတ်ခဲ့တာကြောင့် သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန်အရာရှိ တစ်ဦးက ပြောပါတယ်။
ယင်းကိစ္စအတွက် အမေရိကန်က ရုရှားနှင့် စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ဖို့ အမေရိကန်သမ္မတ အိုဘားမားက ရုရှားသမ္မတ ပူတင်ဆီ စာတစ်စောင် ပေးပို့ထားတယ်လို့ သိရပါတယ်။
တာလတ်ပစ် နျူကလီးယား လက်နက်စာချုပ် (INF)လို့ အမည်ပေးထားတဲ့ လက်နက်ထိန်းချုပ်ရေးစာချုပ်ကို အမေရိကန် သမ္မတ ရော်နယ်လ်ရေဂင်နှင့် (ယခင်ဆိုဗီယက်) ရုရှားသမ္မတ မစ်ခေးလ် ဂိုဘာချော့ဗ်တို့က ၁၉၈၇ ခုနှစ်မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
၂၀၀၈ ခုနှစ်တုန်းကလည်း ရုရှားက မြေပြင်အခြေစိုက် ခရုစ်ဒုံးကျည်များ စမ်းသပ်ပစ်ခတ်ခဲ့တာကြောင့် ၁၉၈၇ ခုနှစ် လက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ် ချိုးဖောက်ခဲ့တယ်လို့ နယူးယော့ခ်တိုင်းမ် သတင်းစာ က ရေးသားဖော်ပြခဲ့ဖူးပါတယ်။
_Ref:: AFP


0 မှတ်ချက်များ for "လက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်ကို ရုရှားချိုးဖောက်တယ်လို့ အမေရိကန်ပြော"