တိုက်ပွဲကြောင့် ပလောင်ဒေသခံ ၈၀၀ ကျော် အိုးစွန့် အိမ်စွန့် ထွက်ပြေးနေရ
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာ ကျူးကျော် နယ်ချဲ့လာတဲ့ မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့ နဲ့ နယ်မြေခံ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLAတပ်ဖွဲ့အကြား တိုက်ပွဲတွေ ဖြစ် ပွားနေတာကြောင့် ဒေသခံ ၈၀၀ ကျော် အိုးစွန့် အိမ်စွန့် ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
ဒီလ ၁၉ ရက်နေ့ညကစပြီး ဗမာစစ်တပ်နဲ့ TNLA တော်လှန်ရေးတပ်ဖွဲကြား တိုက်ပွဲ ဆက်ဖြစ်တော့ ကျနော်တို့ မန်ပူးကျေးရွာ ရွာသူရွာသားတွေ ကြောက်လန့်ပြီး မြို့ပေါ်ကို တက်ပြေး လာကြတယ်၊ ၁ဝ ရက်လောက်ရှိပြီးလို့ မန်ပူးဘုံအိမ် ယာယီစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးလျိုတေ့က ပြောပါတယ်။
မန်ပူးဘုံအိမ် ယာယီစစ်ဘေးဒုက္ခသည်စခန်းကို နမ့်ခမ်းမြိုမှာ ဖွင့်လှစ်ထားပြီး တအာင်း(ပလောင်) ဒုက္ခသည် ၈၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
စစ်ဘေးဒုက္ခသည်တွေအတွက် တအာင်းစာပေနဲ့ ယဉ်ကျေးမှုအသင်း၊ ကောင်ခါးပြည်သူ့စစ်အဖွဲ့၊ ပြည်ခိုင်ဖြုးပါတီ၊ မူဆယ် K.B.C တို့က ဆန်၊ ဆီ၊ စောင်၊ ခြင်ထောင်၊ မိုးရေကာဖျင်တွေ ကူညီပေးလို့ စားနပ်ရိက္ခာ ၁၀ ရက်စာ လုံလောက်တယ်လို့ တာဝန်ခံ ဦးလျိုတေ့က ပြောပါတယ်။
ဒီနှစ်ထဲမှာ မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့ နဲ့ နယ်မြေခံ TNLA တော်လှန်ရေးတပ်ဖွဲ့ကြား တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


0 မှတ်ချက်များ for "တိုက်ပွဲကြောင့် ပလောင်ဒေသခံ ၈၀၀ ကျော် အိုးစွန့် အိမ်စွန့် ထွက်ပြေးနေရ"