ကယားပြည်နယ်ကို မူရင်း ကရင်နီပြည်နယ်ခေါ်ဆိုဖို့ ကယန်းမျိုးဆက်သစ်လူငယ်နှင့် ကရင်နီလူငယ်များသမဂ္ဂ ကြိုမ်းပမ်း
ကယားပြည်နယ်ကို မူလ ကရင်နီပြည်နယ် ခေါ်ဆိုဖို့ ကယန်းမျိုးဆက်သစ်လူငယ် KNGYနှင့် ကရင်နီ လူငယ်များသမဂ္ဂ KSYU တို့က ဦးဆောင်ပြီး ကယားပြည်နယ်ရှိ လူမှု အသင်းအဖွဲ့များ ကြိုးပမ်းဆောင်ရွက်နေပါတယ်။
၁၉၄၈ ခုနှစ်မှာ ယခင်မြန်မာအစိုးရက အတင်းသွတ် သွင်းပေါင်းစပ်ပေးခဲ့လို့ ကရင်နီပြည်နယ်ကို ကယားပြည်နယ်အဖြစ် ယနေ့ထိတိုင် ခေါ်ဝေါ် သုံးစွဲ နေတာ ဖြစ်တယ်လို့ KNGY ဥက္ကဌလည်းဖြစ် KSYU ဗဟိုကော်မတီလည်းဖြစ်တဲ့ ကိုဘီတူး က ပြောပါတယ်။
၂ဝ၁၄-၂ဝ၁၅ နွေဦးလောက်မှာ ကျင်းပမဲ့ ကရင်နီ အမျိုးသားညီလာခံမှာ ကရင်နီပြည်နယ်အဖြစ် ခေါ်ဆိုရေးကိစ္စကို ထည့်သွင်းဆွေးနွေးသွားဖို့ ရှိပြီး လူထု ကြားမှာလည်း ဒါကိုပြန်လည် သုံးနိုင်တယ်ဆိုရင်တော့ ကျွန်တော်တို့ ကရင်နီတွေအတွက် ပိုမိုညီညွှတ်မှု ရစေမှာဖြစ်တယ်လို့ ကိုပီတူး ကပြောပါဆယ်။
ကရင်နီပြည်နယ် ပြန်လည်ခေါ်ဆိုရေးအတွက် ကယားပြည်နယ်ရှိ မြို့နယ်အားလုံးနှင့် ရှမ်းပြည်နယ် ဖယ်ခုံမြို့ မှာ ရှိတဲ့ လူထုသဘောထားလက်မှတ်ကို လူငယ်အဖွဲ့တွေကနေ ဦးဆောင်ပြီး ၂ဝ၁၃ ခုနှစ်မှာ စတင်ကောက်ယူ စုဆောင်းခဲ့တယ်လို့ သိရပါတယ်။
ကရင်နီပြည်နယ် ပြန်လည်ခေါ်ဆိုရေးကိစ္စနဲ့ပတ်သက်ပြီး ပါတီအနေနဲ့ မဟုတ်ပေမယ့် ကျနော့်အနေနဲ့တော့ သဘောတူတယ်။ ကယန်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို သဘောထား တောင်းထားတာရှိတယ်။ မူရင်း ကရင်နီပြည်နယ်ကို ပြန်လည်သုံးခွင့်ရရင် "ကိုယ့်အိမ်ကို ကိုယ်ပြန်ရသလို ခံစားမိကြမှာပါ'' လို့ ကယန်း အမျိုးသားပါတီ ခွန်ကလဲမင်းက ပြောပါတယ်။
ပြည်တွင်း/ ပြည်ပပေါင်း ကရင်နီလူဦးရေ လေးသိန်းကျော် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။


0 မှတ်ချက်များ for "ကယားပြည်နယ်ကို မူရင်း ကရင်နီပြည်နယ်ခေါ်ဆိုဖို့ ကယန်းမျိုးဆက်သစ်လူငယ်နှင့် ကရင်နီလူငယ်များသမဂ္ဂ ကြိုမ်းပမ်း"