ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံဘက်ကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတယ်လို့ အမေရိကန် အစီရင်ခံစာ ထုတ်ပြန်

ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donetsk ဒေသမှာ အစိုးရတပ်ဖွဲ့နှင့် ရုရှားအစိုးရကို လိုလာတဲ့ ယူကရိန်း ခွဲထွက်ရေးသူပုန် တိုက်ပွဲတွေ ပြင်းထန် လာနေချိန်မှာ ရုရှားနိုင်ငံဘက်ကနေ ဒုံးကျည်တွေ၊ အမြောက်တွေနဲ့ ယူကရိန်းနိုင်ငံထဲကို ပစ်ခတ်နေ တယ်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန က ပြောပါတယ်။


ယူကရိန်းနိုင်ငံထဲကို ရုရှားနိုင်ငံထဲကနေ ဒုံးကျည်အမြောက်တွေနဲ့ ပစ်ခတ်နေမှုများ ဂြိုဟ်တုကနေ ရိုက်ယူ ထားတဲ့ ဓါတ်ပုံတွေကို အမေရိကန်သုတေသီက အစီရင်ခံစာပြုစုပြီး အမေရိကန်နိုင်ငံခြားရေးဌာနက တနင်္ဂနွေနေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အစီရင်ခံစာထဲမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေ ပစ်ခတ်တဲ့ အမြောက်ကျည်တွေကို ယူကရိန်း တပ်ဖွဲ့အနားကို ကျရောက်ပြီး ကျင်းတွေဖြစ်နေတဲ့ပုံတွေလည်း ပါဝင်ပါတယ်။

အမေရိကန် ထုတ်ပြန်လိုက်တဲ့ လေးမျက်နာပါ ဓါတ်ပုံအထောက်အထားနဲ့တကွ အစီရင်ခံစာကို  အမေရိကန်က ရုရှားကို ရည်ရွယ်ချက်ရှိရှိ ဝေဖန်တိုက်ခိုက်နေတယ်လို့  ရုရှားက တုံ့ပြန် ပြောကြား လိုက်ပါတယ်။

ရုရှားဖက်က အခုလို ယူကရိန်းနိုင်ငံအတွင်းထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေ ရပ်တန့်ဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ တယ်လီဖုန်းနဲ့စကားပြောတဲ့အချိန် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး John Kerry က ထည့်သွင်း ပြောဆိုခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သီးခြား ထုတ်ပြန်တဲ့ ကြေညာ ချက်ထဲမှာ ဖော်ပြထားပါတယ်။

0 မှတ်ချက်များ for "ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံဘက်ကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတယ်လို့ အမေရိကန် အစီရင်ခံစာ ထုတ်ပြန်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++