DKBA နဲ့ မြန်မာစစ်တပ် အပြန်အလှန်ဖမ်းဆီး
မြန်မအစိုးရလက်နက်ကိုင်တပ်ဖွဲ့ တပ်ရင်း ၂၇၅ နဲ့ တိုးတက်သော ကရင်ဗုဒ္ဓတပ်မတော် DKBA တို့အကြား နယ်မြေဖြတ်ကျော်မှုကို စစ်ဆေးရင်း တပ်သားတွေ အချင်းချင်း ပဋိပက္ခဖြစ်ပွားရာကနေ အပြန်အလှန် ဖမ်းဆီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အရှေ့တောင်ပိုင်းစစ်ဌာနချုပ် လက်အောက်ခံ ရှေ့တန်း အမှတ် ၂၇၅ က DKBA တပ်သားတယောက်ကို ဖမ်းထားလို့ DKBA ကလည်း၂၇၅ ရဲ့ တပ်ကြပ်ကြီး တစ်ယောက်ကိုလည်း ဖမ်းဆီးထားတာဖြစ်တယ်လို့ DKBA ဆက်သွယ်ရေး တာဝန်ခံ ဗိုလ်ကြီးစိုးမြင့်က ပြောပါတယ်။
ပဋိပက္ခဖြစ်ပွားခဲ့မှုကို အပြန်အလှန်အကြေအလည်ဆွေးနွေးခဲ့ပြီးတဲ့နာက် DKBA ဘက်က ဖမ်းထားတဲ့ တပ်ကြပ်ကြီးကို ပြန်လည်လွတ်ပေးလိုက်သလို
မြန်မာတပ်ဖွဲ့ ဘက်က ဖမ်းဆီးထားတဲ့ DKBA တပ်သားကို လည်း လွှတ်ပေး လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။


0 မှတ်ချက်များ for "DKBA နဲ့ မြန်မာစစ်တပ် အပြန်အလှန်ဖမ်းဆီး"