ကာ့ဒ်လူမျိုးခေါင်းဆောင်ကို အီရတ်သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်
အီရတ်အစိုးရသစ်ဖွဲ့ဖို့ ကြိုးစားနေဆဲမှာ အီရတ် လွှတ်တော်က ကာ့ဒ်လူမျိုးနိုင်ငံရေးခေါင်းဆောင် တစ်ယောက်ကို သမ္မတအဖြစ် တင်မြှောက် လိုက်ပါတယ်။
အီရတ်တည်ငြိမ်ရေးကို အကြီးအကျယ် ခြိမ်းခြောက်
နေတဲ့ ဆွန်နီစစ်သွေးကြွတွေနဲ့ အစ္စလာမ္မစ် ဆူပူမှုတွေကြောင့် ခုလို လူမျိုးစုကြီးတွေထဲက Fouad Massoum ကို ရွေးချယ်ပြီး သမ္မတအဖြစ် တင်မြှောက် လိုက်တာ ဖြစ်ပါတယ်။
နေတဲ့ ဆွန်နီစစ်သွေးကြွတွေနဲ့ အစ္စလာမ္မစ် ဆူပူမှုတွေကြောင့် ခုလို လူမျိုးစုကြီးတွေထဲက Fouad Massoum ကို ရွေးချယ်ပြီး သမ္မတအဖြစ် တင်မြှောက် လိုက်တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရာထူးကိုလည်း ရှီအာမွတ်ဆလင်တွေထဲက ရွေးချယ်ဖို့ သြဂုတ် လလယ် မတိုင်မီ ပါတီတွေ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရာထူးကနေ ဆင်းပေးဖို့ ပြည်တွင်းနဲ့ နိုင်ငံတကာက ဖိအားပေးမှု ခံနေရတဲ့ လက်ရှိအာဏာရ အီရတ်ဝန်ကြီးချုပ် နိုရီ အယ်လ်မာလီကီက ရာထူးဆက်ယူချင်တယ်တယ်လို့ ဆိုပါတယ်။

0 မှတ်ချက်များ for "ကာ့ဒ်လူမျိုးခေါင်းဆောင်ကို အီရတ်သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်"