အပစ်ရပ်စဲရေး အချိန်ထပ်တိုးဖို့ အစ္စရေး သဘောတူပေမဲ့ ဟားမက်စ်ဘက်က ကန့်ကွန်
၁၂ နာရီကြာ အပစ်ရပ်စဲရေးအချိန်ထပ်တိုးဖို့ ကုလသမဂ္ဂရဲ့ တာင်းဆိုမှုအပေါ် ဟားမက်စ် စစ်သွေးဘက်က သဘောမတူပေမဲ့ အစ္စရေး ဘက်က သဘောတူ လိုက်ပါတယ်။
ဟားမက်စ်စစ်သွေးကြွ့ကတော့ အပစ်အခတ် ရပ်စဲရေး အချိန်တိုးမြှင့်တာကို လက်မခံဘဲ အစ္စရေးတပ်တွေကို ဂါဇာကနေ ပြန်ရုပ်သိမ်း ဖို့ ပြောနေပါတယ်။
၁၂ နာရီကြာ ယာယီအပစ်အခတ်ရပ်စဲပြီးတဲ့နောက် ဟားမက်စ်စစ်သွေးကြွ့တွေက အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ ပြန်လည် ပစ်ခတ်နေပါတယ်။
အစ္စရေးဘက်ကတော့ လက်တုံ့ပြန်တာမျိုး မရှိသေးပေမဲ့ အပစ်အခတ်ရပ်စဲရေး အချိန်ထပ်တိုးလိုက်တဲ့ ကာလအတောအတွင်းမှာ ဟားမက်စ်စစ်သွေးကြွက ဒုံးကျည်နဲ့ တိုက်ခိုက် လာမယ်ဆိုလျင် လက်တုံ့ပြန်လိမ့် မယ်လို့ အစ္စရေးက ပြောထားပါတယ်။
ဟားမက်စ်စစ်သွေးကြွတွေ ခိုအောင်းနေတဲ့ ဥမင်လှိုင်ခေါင်းတွေကို ဆက်လက်ရှာဖွေ ဖျက်ဆီးသွား မယ်လို့ ပြောပါတယ်။
၁၂ နာရီကြာ ယာယီအပစ်အခတ်ရပ်စဲတဲ့ကာလမှာ ဂါဇာဒေသခံ ပြည်သူတွေက နေအိမ်ကို ပြန်လည် ကြည့်ခွင့် ရပြီး တချို့ကတော့ သူတို့နေအိမ်ကနေ ပစ္စည်းတချို့ကို ပြန်လည် ရရှိခဲ့ပါတယ်။
တိုက်ခိုက်မှုတွေကြောင့် အစ္စရေးဘက်က အရပ်သားများအပါအ၀င် စစ်သား ၄၂ ဦး သေဆုံးပြီး ပါလက်စတိုင်းဘက်ကလည်း အရပ်သားတွေအပါအ၀င် ဟားမတ်စ်စစ်သွေးကြွအဖွဲ့ဝင် ၁,၀၀၀ ကျော် သေဆုံး ဖြစ်ပါတယ်။


0 မှတ်ချက်များ for "အပစ်ရပ်စဲရေး အချိန်ထပ်တိုးဖို့ အစ္စရေး သဘောတူပေမဲ့ ဟားမက်စ်ဘက်က ကန့်ကွန်"