လစ်ဗျားအစိုးရတပ်ဖွဲ့နဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေအကြား တိုက်ပွဲဆက်ဖြစ်ပွား

လစ်ဗျားနိုင်ငံအရှေ့ပိုင်းက Benghazi မြို့မှာ အစိုးရ တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်သမား အစ္စလာမ်မစ် စစ်သွေးကြွတွေအကြား စနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ တိုက်ပွဲတွေဆက်ဖြစ်ပွားနေတာကြောင့် လူပေါင်း ၄၃ ဦးမနည်း သေဆုံးသွား ပါတယ်။ 

ထရီပိုလီမြို့်တော်မှာလည်း တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန်ဖြစ်ပွားနေပြီး အီဂျစ်နွယ်ဖွား၂၃ ဦးသေဆုံး သွားရတယ်လို့ အီဂျစ်အစိုးရ သတင်းဌာန က ပြောပါတယ်။ 

လစ်ဗျားနိုင်ငံမှာ ခေါင်းဆောင် Moammar Gadhafi ရာထူးကဖြုတ်ချခံရတဲ့ ၂၀၁၁ စစ်ပွဲကတည်းက စပြီး အခုဆိုရင် အကြမ်းဖက်တိုက်ခိုက်မှုတွေ အဆိုးဆုံးအခြေအနေကို ရောက်နေပါတယ်။ 

အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂ နဲ့ တူရကီနိုင်ငံတို့က သူတို့ရဲ့ ဝန်ထမ်းတွေကို လစ်ဗျားနိုင်ငံ ကနေ ရွှေ့ပြောင်းခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဓနသဟာယရုံးတို့ကလည်း  သူတို့နိုင်ငံသားတွေကို လစ်ဗျားနိုင်ငံကနေ ချက်ချင်းထွက်ခွာကြဖို့  ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

Source: theguardian/ VOA

0 မှတ်ချက်များ for "လစ်ဗျားအစိုးရတပ်ဖွဲ့နဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေအကြား တိုက်ပွဲဆက်ဖြစ်ပွား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++