အယ်လ်ဂျီးရီးယား လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်း ဒုတိယ BLACK BOX ရှာဖွေတွေ့ရှိ
မာလီမှာ ပျက်ကျခဲ့လို့ လူပေါင်း ၁၂၀ နီးပါး သေဆုံး ခဲ့ရတဲ့ အယ်လ်ဂျီးရီးယား လေယာဉ်ရဲ့ ဒုတိယ ပျံသန်းမှု မှတ်တမ်း BLACK BOX ကို စုံစမ်း စစ်ဆေးသူတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
လေယာဉ် ပျံသန်းမှုမှတ်တမ်းကို အောင်အောင်
မြင်မြင်နဲ့ ရှာတွေခဲ့တဲ့အကြောင်း ကုလသမဂ္ဂ အရာရှိတွေက စနေနေ့က ကြေညာပါတယ်။
မြင်မြင်နဲ့ ရှာတွေခဲ့တဲ့အကြောင်း ကုလသမဂ္ဂ အရာရှိတွေက စနေနေ့က ကြေညာပါတယ်။
ဒီလေယာဉ်ပျက်ကျမှု ဘာကြောင့်ဖြစ်ပွါးခဲ့တယ်ဆိုတာကို ရှာဖွေသိရှိနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့် ချက်တွေ လည်း တိုးလာနေပါတယ်။
အယ်လ်ဂျီးရီးယား လေယာဉ်ဟာ Burkina Faso ကနေ အယ်ဂျီးရီးယားကို ပျံသန်းနေစဉ် မာလီမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ ပျက်ကျပြီး နာရီပိုင်းအတွင်းမှာတော့ ပထမ ဘလက်ဘောက်က်စ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
လေယာဉ်ဘာကြောင့် အခုလို ပျက်ကျခဲ့တယ်ဆိုတာကို အတိအကျ မပြောနိုင်သေးပေမယ့် ရာသီဥတုကြောင့် ဖြစ်နိုင်တယ်ဆိုပြီး စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
လေယာဉ်ပျက်ကျတဲ့အချိန်မှာ အင်အားကောင်းတဲ့ သဲမုန်တိုင်းတခုဟာ မာလီမြောက်ပိုင်းမှာ တိုက်ခတ်နေပြီး ရေဒါပေါ်ကနေ လေယာဉ်မပျောက်ကွယ်ခင်မှာ လေယာဉ်မှူးဟာ လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းဆိုခဲ့ပါတယ်။


0 မှတ်ချက်များ for "အယ်လ်ဂျီးရီးယား လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်း ဒုတိယ BLACK BOX ရှာဖွေတွေ့ရှိ"