စစ်သွေးကြွတွေရဲ့ အန္တာရာယ်ကို ခုခံကာကွယ်ဖို့ နော်ဝေးအစိုးရ တပ်လှန့်ထား
နော်ဝေးကို ပစ်မှတ်ထားပြီး အနောက်နိုင်ငံတွေကို တိုက်ခိုက်ရန် စီစဉ်နေတဲ့ အကြမ်းဖက်သမားတို့ရဲ့ သတင်းအချက်အလက်ကို ရရှိထားတာကြောင့်
နော်ဝေးစစ်တပ်နဲ့ ရဲတပ်ဖွဲ့များ တပ်လှန့်ထား လိုက် ပါတယ်။
နော်ဝေးစစ်တပ်နဲ့ ရဲတပ်ဖွဲ့များ တပ်လှန့်ထား လိုက် ပါတယ်။
အကြမ်းဖက်သမားတွေက နော်ဝေးနိုင်ငံကို ပစ်မှတ်ထားတယ်ဆိုတဲ့ သတင်းအချက်အလက် အခိုင်အမာရရှိထားတဲ့လို့ နော်ဝေး ရဲညွန်ချုပ်က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
အကြမ်းဖက်တိုက်ခိုက်ရေးသမားတွေဟာ အချိန်နဲ့ နေရာနဲ့၊ ဘယ်သူ့ကို တိုက်ခိုက်မယ်ဆိုတာ အတိအကျ မသိရသေးသော်လည်း
နော်ဝေးမှာရှိတဲ့ မွတ်စလင်တွေဟာ ပြည်ပစစ်သွေးကြွတို့နဲ့ အဆက်အသွယ်ရှိတဲ့ သတင်းအချက်အလက်ကို ရရှိထားတဲ့အတွက် လိုအပ်တဲ့လုံခြုံရေးပြင်ဆင်မှုများကို လုပ်ဆောင်ထားရမယ်လို့ ရဲညွန်ချုပ် က ပြောပါတယ်။
ပြီးခဲ့တဲ့ မေလက ပြည်ပစစ်သွေးကြွတို့နဲ့ အဆက်အသွယ်လုပ်တဲ့ နော်ဝေးနိုင်ငံသား ၃ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး အယောက် ၅၀ကျော် ဆီးရီးယားနိုင်ငံကို သွားရောက်ခဲ့ကြတဲ့ အထောက်အထားတွေကို ထပ်မံရရှိတယ်လို့ ဆိုပါတယ်။
ဆီးရီးယားနိုင်ငံကိုသွားပြီ အကြမ်းဖက်ရေးသင်တန်း တက်သူတွေထဲမှာ အိမ်နီးချင်း ဒိန်းမတ်နဲ့ ဆွီဒင်နိုင်ငံ တို့လည်း ပါတယ်လို့ ဆိုပါတယ်။


0 မှတ်ချက်များ for "စစ်သွေးကြွတွေရဲ့ အန္တာရာယ်ကို ခုခံကာကွယ်ဖို့ နော်ဝေးအစိုးရ တပ်လှန့်ထား"