အပစ်အခတ် ယာယီရပ်စဲရေး အစ္စရေးနဲ့ ဟားမားစ် သဘောတူ
အပြန်အလှန်အပြင်အထန် တိုက်ခိုက်နေကြတဲ့ အစ္စရေးနဲ့ ဟားမားစ်စစ်သွေးကြွတို့ဟာ (၁၂)နာရီကြာ ယာယီအပစ်အခတ်ရပ်စဲကြဖို့ သဘောတူညီလိုက်ကြပါတယ်။
ဒီယာယီအပစ်အခတ် ရပ်စဲရေး သဘောတူ ညီချက်ဟာ ဒေသစံတော်ချိန် ဇူလိုင်(၂၆)ရက် နံနက်(၈)နာရီမှာ စတင်အသက်ဝင်မှာ ဖြစ်ပြီး စစ်ဘေးသင့်အရပ်သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ဖို့ ရည်ရွယ် တယ်လို့ သိရပါတယ်။
အစောပိုင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် အပစ်အခတ် ရေရှည်ရပ်စဲရေး အဆိုပြုချက်အပေါ် ဟားမားစ်တို့က ပယ်ချလိုက်သလို အစ္စရေးဘက်ကလည်း ပယ်ချလိုက်ပါသည်။
အပစ်အခတ် ရေရှည်ရပ်စဲနိုင်ရေးအတွက် အစ္စရေးနိုင်ငံကို ဒုံးကျည်များနဲ့ပစ်ခတ်နေမှု ရပ်တန့်ပေးဖို့ အစ္စရေးဘက်က လိုလားပြီး ဟားမားစ် စစ်သွေးကြွဘက်ကလည်း အစ္စရေးရဲ့ ပိတ်ဆို့ထားမှုများ အားလုံးကို ဖယ်ရှားပေးဖို့ လိုလားပါတယ်။
၁၃ ရက်ကြာ အစ္စရေး-ဟားမားစ် စစ်ပွဲအတွင်းမှာ ပါလက်စတိုင်း ဟားမားစ်စစ်သွေးကြွဘက်က အရပ်သားများအပါအ၀င် (၈၈၄)ဦး ထက်မနည်းသေဆုံးပြီး အစ္စရေးဘက်ကလည်း အရပ်သားများအပါအ၀င် (၄၀)ဦး သေဆုံးခဲ့ပါတယ်။


0 မှတ်ချက်များ for "အပစ်အခတ် ယာယီရပ်စဲရေး အစ္စရေးနဲ့ ဟားမားစ် သဘောတူ"