တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အစည်းအဝေး စတင်

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့  NCCT ရဲ့ ထိပ်သီးအစည်း အဝေးကို ကချင်ပြည်နယ်က KIO ဌာနချုပ် လိုင်ဇာမြို့မှာ ဒီနေ့ စတင် ကျင်းပကြပါတယ်။

ထိပ်သီးအစည်းအဝေးမှာ NCCT အဖွဲ့ ဝင် ၁၆ ဖွဲ့ က ကိုယ်စားလှယ်တွေ တက်ရောက်ကြပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မှာ ထည့်သွင်းရေးဆွဲရ မယ့်အချက်တွေကို တစ်ဖွဲ့ချင်းအလိုက် တင်ပြကြပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (ဒုတိယမူကြမ်း) အခန်း ၁ အခြေခံမူအပိုင်းကို ပထမနေ့မှာ အကျေအလည် ဆွေးနွေးခဲ့ကြပါတယ်။

တိုင်းရင်းသား လက်ကိုင်လား၊ လက်နက်ကိုင် တိုင်းရင်းသားလား။ အပစ်အခတ်ရပ်စဲရေးလား၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးလား စတဲ့ မတူညီတဲ့ ဝေါဟာရတွေကို ဆွေးနွေးခဲ့ရာမှာ တိကျတဲ့အဖြေတခုခု ဆုံးဖြတ်ဖို့ ဦးဆောင်ကော်မတီကို လွှဲလိုက်တယ်လို့ NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

 အခုလိုင်ဇာမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေရဲ့ တတိယကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ဇူလိုင် ၂၈ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပြီး NCCT အဖွဲ့ဝင် မဟုတ်တဲ့ ABSDF
ကျောင်းသားတပ်မတော်အပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အစည်းအဝေးတစ်ခု ဆက်လက် ကျင်းပသွားဖို့ ရှိပါတယ်။

0 မှတ်ချက်များ for "တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အစည်းအဝေး စတင်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++