ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အစ္စရေးနိုင်ငံ သမ္မတ ရာထူးကနေ အနားယူ

ဟားမတ်စ်စစ်သွေးကြွတွေကို အမြစ်ပြတ်ချေမှုန်ရေး ဟာ အစ္စရေးနိုင်ငံရဲ့ အိမ်နီးချင်းတိုင်းပြည်တို့နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ ဖြစ်တယ်လို့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အစ္စရေးသမ္မတ Shimon Peres က ရာထူးကနေ အနားမယူခင်မှာ ပြောကြား လိုက်ပါတယ်။

သိန်းနဲ့ချီတဲ့ ဂါဇာပြည်သူတွေနဲ့ ကလေးငယ်တွေ ကို ရှေ့တန်းမှာ အကာအကွယ်အဖြစ် အသုံးပြုနေ တဲ့ ဟားမတ်စ် စစ်သွေးကြွတွေကို ချေမှုန်း သုတ်သင်ကြဖို့ နိုဘယ်ဆုရှင် မစ္စတာ Shimon ပြောပါတယ်။

အစ္စရေးလ်ရဲ့ အနာဂတ်ဟာ ငြိမ်းချမ်းရေးကို အခြေခံတဲ့ နှစ်ပြည်ထောင်စနစ်နဲ့ ရပ်တည်တဲ့ ဒီမိုကရက်တစ် ဂျူးနိုင်ငံတော် ဖြစ်ပါတယ်လို့ သူကပြောပါတယ်။

ပါလက်စတိုင်းတွေဟာ အစ္စရေးရဲ့ရန်သူတွေ မဟုတ်ဘူးလို့ ပြောပြီး အစ္စရေးရဲ့အမြဲတမ်း ရန်သူဟာ အကြမ်းဖက်သမားတွေဖြစ်တယ်လို့လည်း ပြောပါတယ်။

မစ္စတာ Shimonဟာ ၀န်ကြီးချုပ်ရာထူးအပြင် အစ္စရေးနိုင်ငံရဲ့ ထိပ်တန်းတာဝန်တွေကို နှစ်ပေါင်း ၆၀ ထမ်းဆောင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ သမ္မတ ရာထူးရရှိခဲ့သူဖြစ်သလို နိုဘယ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ် ပါတယ်။

အစ္စရေးနိုင်ငံသမ္မတ Shimon ဟာ အသက် ၉၀ အရွယ်ပြည့်နေ့မှာ သမ္မတရာထူးကနေ ဇူလိုင် ၂၄ ၂၀၁၄ (ကြာသာပတေး)နေ့မှာ အနားယူ လိုက်ပါတယ်။

သူ့နေရာကို ဆက်ခံမည့်သူကတော့ နှစ်ပြည်ထောင်စနစ်ကို ဆန့်ကျင်တဲ့ လက်ယာသမား ပါလီမန်အမတ် ရူဗင်ရက်ဗလင် ဖြစ်ပါတယ်။

0 မှတ်ချက်များ for "ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အစ္စရေးနိုင်ငံ သမ္မတ ရာထူးကနေ အနားယူ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++