ပျောက်ဆုံးနေတဲ့ Algerie ခရီးသည်တင်လေယာဉ် ရှာဖွေတွေ့ရှိ
Burkina Faso -Algeria ကို ပျံသန်းရင်း လမ်းခုလတ်မှာ ပျောက်ဆုံးနေတဲ့ စပိန်ကုမ္မဏီတခုပိုင် Algerie လေကြောင်းလိုင်း ခရီးသည်တင် လေယာဉ် AH5017 ရဲ့ အပျက်အစီးများကို ရှာဖွေတွေ့ရှိပြီလို့ သိရပါတယ်။ဘူလီကက်ဆီ ရွာအနီးတွင် လေယာဉ်ပျက် အစိတ်အပိုင်းများကို ရဟတ်ယာဉ်ပေါ်မှ ရှာဖွေတွေ့ရှိခဲ့ကြောင်း မာလီအစိုးရက ပြောပါတယ်။
ခရီးသည် (၁၁၀)နဲ့ အမှုထမ်း(၆)ဦး တင်ဆောင်တဲ့ AH5017 လေယာဉ်ကို Burkina Faso နိုင်ငံ မြောက်ပိုင်း နယ်စပ်နဲ့ ၁၉ မိုင်လောက်အကွာမှာ တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး Gilbert Diendere က ပြော ပါတယ်။
ရှာဖွေရေး ဖွဲ့တွေက လေယာဉ်အပျက်အစီးတွေကို လုံးဝ မီးကျွမ်းပြီး ပြန့်ကျဲနေပြီး ရုပ်အလောင်းတွေ ကို တွေ့ရှိရသော်လည်း အသက်ရှင်ကျန်ရစ်သူကို မတွေ့ဘူးလို့ Diendere က ဆက်ပြောပါတယ်။
လေယာဉ်ပေါ်ကခရီးသည်တွေဟာ ဘာကီနာဖာဆို (၂၇)ဦး၊ ပြင်သစ်(၅၁)ဦး၊ လက်ဘနွန်မှ (၈)ဦး၊ အယ်လ် ဂျီးရီးယား (၆)ဦး၊ လူဇင်ဘာ့ဂ်မှ (၂)ဦး၊ ကနေဒါမှ (၅)ဦး၊ ဂျာမနီမှ (၄)ဦး၊ ကင်မရွန်း၊ ဘယ်လ်ဂျီယံ၊ အီဂျစ်၊ ယူကရိန်း၊ ဆွစ်ဇာလန်၊ နိုက်ဂျီးရီးယားနှင့် မာလီတို့မှ (၁) ဦးစီ ပါဝင်ကြောင်း Burkina Faso အစိုးရ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။
လေယာဉ်အမှုထမ်းတွေအားလုံးဟာ စပိန်နိုင်ငံသားတွေဖြစ်တယ်လို့ စပိန်လေယာဉ်မှူးများသမဂ္ဂ က ပြော ပါသတယ်။


0 မှတ်ချက်များ for " ပျောက်ဆုံးနေတဲ့ Algerie ခရီးသည်တင်လေယာဉ် ရှာဖွေတွေ့ရှိ"