ပြည်သူ့စစ်တပ်ဖွဲ့က -မောက်မန်းမွေ -ဘော်လုံးအသင်းရဲ့ ဂိုးသမားကို ပစ်သတ်

သေဆုံးသူ စိုင်းနွမ်ခေး (ခ) စိုင်းပေါင်းပေါင်း
ရှမ်းပြည်မြောက်ပိုင်းမှာ မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့ လက်နက်တပ်ဆင်ပေးထား တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ တို့က ရှမ်းတိုင်းရင်းသား အသက်(၂၄)နှစ်ရှိ `မောက်မန်းမွေ´ဘော်လုံး အသင်းရဲ့ ဂိုးသမား စိုင်းနွမ်ခေးကို ဇူလိုင် ၂၃ ရက်နေ့မှာ ရက်ရက်စက်စက် ပစ်သတ် လိုက်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းဆေးရုံမှာ ဆေးရုံးတက်နေရတဲ့ သူငယ်ချင်းကို သွားရောက်ကြည့်ရှု့ အားပေးဖို့ သွားနေစဉ် မူဆယ်-နမ့်ခမ်း ပြည်ထောင်စု လမ်းမပေါ်၊ နမ့်ခမ်း ပြည်သူ့ဆေးရုံကုန်းအတက်၊ နှင်းပုလဲ ဘော်ဒါဆောင်ရှေ့ အရောက်မှာ ပစ်သတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားတယ် လို့ မြင်တွေ့ရသူတွေက ပြောသည်။

ပြည်သူ့စစ်အဖွဲ့တွေဖြစ်တဲ့ နမ့်ခမ်းမြို့မပြည်သူ့စစ်နဲ့ ပန်းဆေးပြည်သူ့စစ်တို့က သူ့ကို စစ်ဆေးပြီးတော့ ပစ်သတ်လိုက်တာလို့ မြင်တွေ့ရသူတွေက ပြောသည်။

စိုင်းနွမ်ခေးကို ပစ်သတ်တဲ့သူကတော့ ပန်ဆေးပြည်သူ့စစ်အဖွဲ့ထဲက သျင့်ကြည် ဆိုတဲ့သူ ဖြစ်တယ်လို့ အမည်မဖေါ်ပြလို့ မြင်တွေ့ရသူတဦးက ပြောသည်။

ပစ်သတ်ခံရတဲ့ စိုင်းနွမ်ခေးက သေနတ်ပြုတ်ကျ၍ ထွက်ပြေးဖို့ ကြိုးစားခဲ့ တာကြောင့် ပစ်သတ် လိုက်တာဖြစ်တယ်လို့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ မြန်မာ စစ်အစိုးရတပ်က လုပ်ကြံသတင်းဖန်တီးပြီး ၀ါဒဖြန့်နေတယ်လို့ ဒေသခံ တွေက ပြောသည်။

သေဆုံးသူ စိုင်းနွမ်ခေးဟာ ဘယ်သူဘယ်ဝါလဲ ဆိုတာ တရပ်ကွက်လုံး သိတယ်လို့ ဆိုပြီး သေနတ်ပြုတ် ကျ၍ ထွက်ပြေးဖို့ ကြိုးစားနေတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ရပ်ကွက်သူ ရပ်ကွက်သားတွေက အခိုင် အမာ ပြောနေကြသည်။

စိုင်းနွမ်ခေး (ခ) စိုင်းပေါင်းပေါင်းဟာ နမ့်ခမ်းမြို့၊ ပေါက်လုံရပ်ကွက်နေ စိုင်းစောဝင်းနှင့် ဒေါ်နန်းခမ်းမှုံ တို့၏သား၊ `မောက်မန်းမွေ´ဘော်လုံးအသင်းရဲ့ ဂိုးသမားဖြစ်တယ်လို့ ဆိုကြသည်

0 မှတ်ချက်များ for " ပြည်သူ့စစ်တပ်ဖွဲ့က -မောက်မန်းမွေ -ဘော်လုံးအသင်းရဲ့ ဂိုးသမားကို ပစ်သတ် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++