အယ်ဂျီးရီးယားလေကြောင်းလိုင်း ပျံသန်းရင်း ပျောက်ဆုံးနေ
အယ်ဂျီးရီးယားနိုင်ငံကို ဘူကီနာဖာဆို နိုင်ငံကနေ ပျံသန်းလာတဲ့ စပိန်လေယာဉ်ကုမ္ပဏီပိုင် အယ်ဂျီးရီးယား လေကြောင်းလိုင်း Air Algerie ခရီးစဉ်အမှတ် AH 5017 ဟာ ဘယ်ထိန်းချုပ် စခန်းနဲ့မှ အဆက်အသွယ်မရဘဲ သဲကန္တာရပေါ် ပျံနေရင်း ပျောက်ဆုံးနေပါတယ်။
လမ်းကြောင်းမရှင်းလို့ လမ်းကြောင်းပြောင်းဖို့ လေယာဉ်မောင်း အဖွဲ့ကို လှမ်းသတင်းပို့လိုက်ပြီး လမ်းကြောင်း ပြောင်းပြီးတာနဲ့ မကြာခင်မှာပဲ လေယာဉ်နဲ့ အဆက်အသွယ် ပြတ်သွားတယ်လို့ အမည်မဖော်လိုတဲ့ လေကြောင်းလိုင်း အရာရှိတစ်ဦးက ဆိုပါတယ်။
AH 5017 ဟာ လေဆိပ်ကနေ ပျံတက်သွားပြီး မိနစ် ငါးဆယ်အကြာမှာ ပျောက်ဆုံးသွားပြီး လေယာဉ်ပေါ်မှာ ခရီးသည် ၁၁၀ နဲ့ ယောဉ်အမှုထမ်း ၆ ဦးတို့ လိုက်ပါသွားကြောင်း လေကြောင်းလိုင်းက သတင်းထုတ်ပြန်
လိုက်ပါတယ်။
အယ်ဂျီးရီးယား နယ်စပ်မရောက်ခင် ကီလိုမီတာ ၅ဝဝ ( မိုင် ၃ဝဝ) လောက်အလို၊ မာလီနိုင်ငံနားမှာ
ပျောက် သွားတာဖြစ်တယ်လို့ အယ်ဂျီးရီးယား ဝန်ကြီးချုပ် Abdelmalek Sellal က ပြောပါတယ်။
ရီးသည်တွေထဲမှာ ပြင်သစ် ၅၀ ဦး Burkina Faso ၂၄ ဦး၊ လက်ဘနွန် ၈ ဦး၊ အယ်လ်ဂျီးရီးယား ၆ ဦးနဲ့ တခြား နိုင်ငံတွေက လူတချို့ ပါဝင် တယ်လို့လည်း ဆိုပါတယ်။
အယ်လ်ဂျီးရီးယား နယ်စပ်နဲ့ Gao မြို့ကြား မာလီနိုင်ငံ မြောက်ပိုင်းမှာ ပျောက်သွားခဲ့တဲ့ လေယာဉ်ကို ရှာဖွေရေး စတင် လုပ်ဆောင်နေကြပြီး ဘာကြောင့် ပျောက်ဆုံးခဲ့တယ် ဆိုတဲ့ ဖြစ်နိုင်ချေတွေကို စုံစမ်း စစ်ဆေးသူတွေကို ရှာဖွေနေကြပါတယ်။
အဲဒီဒေသမှာ အခြေစိုက်တဲ့ ပြင်သစ်တိုက်လေ နှစ်စင်းကလည်း ပျောက်နေတဲ့လေယာဉ်ကို ရှာဖွေနေ ကြပါတယ်။


0 မှတ်ချက်များ for "အယ်ဂျီးရီးယားလေကြောင်းလိုင်း ပျံသန်းရင်း ပျောက်ဆုံးနေ"