ယူကရိန်းစစ်လေယာဉ် ၂ စီးကို ရုရှားအစိုးရကို လိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေ ပစ်ချ

ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ယူကရိန်းစစ်လေယာဉ် နှစ်စီးကို ရုရှားအစိုးရကို လိုလားတဲ့ ယူကရိန်း ခွဲထွက်ရေးသူပုန်တွေက ပစ်ချတယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။ 

အမြင့်မီတာ ၅၂၀၀ မှာ ပျံသန်းနေတဲ့ ယူကရိန်း စစ်လေယာဉ် ၂ စီးဟာ Savur-Mohyla မြို့ပေါ် ပျံသန်းရင်း ဇူလိုင်လ ၂၃ ရက်နေ့မှာ လေယာဉ် ပစ်ဒုံးကျည်စနစ်နဲ့ ပစ်ချခွခဲ့ရတာလို့ မြို့တော် ကိယက်ဗ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ယူကရိန်း လုံခြုံရေး ပြောခွင့်ရ အန်ဒရေ လစ်စန်ကိုက ပြောကြားပါတယ်။ 

စစ်လေယာဉ် ၂ စီး ပစ်ချခံရတဲ့ နေရာဟာ ကြာသပတေးနေ့က မလေးရှား လေယာဉ်ပစ်ချ ခံခဲ့ရတဲ့နေရာနဲ့ သိပ်မဝေးဘူး၊ လေယာဉ်မှူးတွေရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မသိရသေးဘူးလို့ သူက ပြော ပါတယ်။ 

Donetsk ဒေသအတွင်းမှာ လေယာဉ်တစ်စီးကို ပစ်ချခဲ့တယ်လို့ သူပုန်တွေဘက်ကလည်း ပြောပါတယ်။ သက်သေတွေအရ ခွဲထွက်ရေး သူပုန်ဆီက လေယာဉ်ပစ်ချနိုင်တဲ့ အဲဒီဒုံးကျည်စနစ်တွေဟာ ရုရှားဆီကနေ ရရှိတာဖြစ်တယ်လို့ ယူကရိန်းက ပြောပါတယ်။ 

အကြမ်းဖက်သမားတွေကို အထောက်အပံ့ ပေးနေတဲ့ ရုရှားနိုင်ငံသား တစ်ယောက်ချင်းစီကိုရော ကုမ္ပဏီတွေကိုပါ ပိတ်ဆို့ အရေးယူသွားမယ်လို့ ယူကရိန်း ဝန်ကြီးချုပ် Arseny Yatsenyuk က ပြောပါတယ်။

0 မှတ်ချက်များ for "ယူကရိန်းစစ်လေယာဉ် ၂ စီးကို ရုရှားအစိုးရကို လိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေ ပစ်ချ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++