ရာသီဥတု ဆိုးရွားနေတာကြောင့် ထိုင်ဝမ်ခရီးသည် တင် လေယာဉ်တစင်း ပျက်ကျ
မုန်တိုင်းတိုက်ခတ်လို့ ရာသီဥတုဆိုးရွားနေ တာကြောင့် အရေးပေါ် ဆင်းသက်ဖို့ ကြိုးစားခဲ့တဲ့ ထိုင်ဝမ်ခရီးသည်တင် လေယာဉ်တစင်း ပျက်ကျ သွားပါတယ်။
လေယာဉ်ပေါ်လိုက်ပါလာသူ ၅၈ ဦးအနက် ၄၇ ဦး
သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိတယ်လို့ အရပ်ဘက်
လေကြောင်းဆိုင်ရာဌာနက ပြောဆိုတာကို ကိုးကားပြီး ထိုင်ဝမ် ဗဟိုသတင်းအေဂျင်စီက သတင်းထုတ်ပြန်ထားပါတယ်။
သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိတယ်လို့ အရပ်ဘက်
လေကြောင်းဆိုင်ရာဌာနက ပြောဆိုတာကို ကိုးကားပြီး ထိုင်ဝမ် ဗဟိုသတင်းအေဂျင်စီက သတင်းထုတ်ပြန်ထားပါတယ်။
အခုရက်ပိုင်းမှာ ထိုင်ဝမ်ကျွန်းကို Matmo တိုင်ဖွန်းမုန်တိုင်း ဖြတ်သန်းတိုက်ခတ်နေတာကြောင့် ရာသီဥတု ဆိုးရွားလို့ ခုလိုပျက်ကျခဲ့ရတာလို့ ယူဆနေကြပါတယ်။
အခုပျက်ကျတဲ့လေယာဉ်ဟာ ထိုင်ဝမ်ဒေသတွင်း ပျံသန်းတဲ့ TransAsia လေကြောင်းလိုင်းက Flight အမှတ် GE222 ဖြစ်ပြီး Kaohsiung မှ Penghu ကို ပျံသန်းစဉ် Penghu ကျွန်းစုပေါ်က Magong လေဆိပ် အနီးမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ခရီးသည် ၅၄ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၄ ယောက် ပါဝင်တယ်လို့ သိရပါ တယ်။


0 မှတ်ချက်များ for "ရာသီဥတု ဆိုးရွားနေတာကြောင့် ထိုင်ဝမ်ခရီးသည် တင် လေယာဉ်တစင်း ပျက်ကျ"