Hamas တိုက်ခိုက်မှုကြာင့် အစ္စရေးနိုင်ငံ ပျံသန်းနေတဲ့ ဥရောပလေကြောင်းလိုင်းတွေရဲ့ ခရီးစဉ်များ ဖျက်သိမ်းလိုက်ရ
အစ္စရေး Tel Aviv မြို့က Ben Gurion နိုင်ငံတကာလေဆိပ်ကို Hamas စစ်သွေးကြွတွေက ဒုံးကျည်နဲ့ ပစ်လိုက်တာကြောင့် အစ္စရေးနိုင်ငံ ပျံသန်းနေတဲ့ ဥရောပလေကြောင်း လိုင်းတွေက သူတို့ရဲ့ခရီးစဉ်တွေကို အမြန်ဆုံး ဖျက်သိမ်းလိုက်ကြပါတယ်။
Hamas စစ်သွေးကြွတွေရဲ့အန္တရာယ်ပေးမှုကို စိုးရိမ်းနေတဲ့ အမေရိကန်လေကြောင်း ထိန်းသိမ်းရေးဌာနက အစ္စရေးနိုင်ငံထဲ မပျံသန်းဖို့ ၂၄ နာရီကြာ တားမြစ်ထားသလို အခြေအနေတွေကို လေ့လာစောင့်ကြည့် သွားမယ်လို့ ပြောပါတယ်။
အင်္ဂါနေ့မှာ အမေရိကန်လေကြောင်းလိုင်း ၃ ခုက သူတိုရဲ့ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ပါတယ်။
Tel Aviv မြို့ကို ပျံသန်းတဲ့ Delta လေကြောင်းလိုင်းက သူတို့ရဲ့ ခရီးစဉ်တွေအားလုံးကို ရက်အကန့်အသတ် မရှိ ဖျက်သိမ်းလိုက်သလို နယူးဂျာစီကနေသွားတဲ့ United လေကြောင်းလိုင်းကလည်း သူတို့ရဲ့ ခရီးစဉ်တွေအားလုံးကို ရက်အကန့်အသတ်မရှိ ဖျက်သိမ်းလိုက်ပါတယ်။
Philadelphia မြို့ကနေ Tel Aviv ကိုသွားမယ့် U.S. Airways လေကြောင်းလိုင်းကလည်း သူတို့ရဲ့ ခရီးစဉ်တွေကို ရုပ်သိမ်းလိုက်ပြီး နယူးယောက်ကနေ Tel Avivကို သွားနေတဲ့ လေယာဉ်ကိုလည်း ပဲရစ်မြို့ကို လမ်းကြောင်းပြောင်းလိုက်ပါတယ်။
ဒါ့အပြင် ဒတ်ခ်ျလေကြောင်းလိုင်း KLM၊ ပြင်သစ်လေကြောင်းနဲ့ ဂျာမနီက Lufthansa လေကြောင်းလိုင်းတွေ ကလည်း Tel Aviv ကိုသွားမယ့် ခရီးစဉ်တွေကို ဖျက်လိုက်ပါတယ်။


0 မှတ်ချက်များ for "Hamas တိုက်ခိုက်မှုကြာင့် အစ္စရေးနိုင်ငံ ပျံသန်းနေတဲ့ ဥရောပလေကြောင်းလိုင်းတွေရဲ့ ခရီးစဉ်များ ဖျက်သိမ်းလိုက်ရ"