ဒုတိယအခွေကို အကောင်းဆုံးပြင်ဆင်နေတဲ့ D ယံ
အတွဲ သီချင်းခွေ များနှင့် သင်္ကြန်သီချင်းခွေ များတွင် ပရိသတ် အားပေးမှု ရရှိလာခဲ့သူ အဆိုတော် Dယံ သည် သူ၏ ပထမ တစ်ကိုယ်တော်
တေးသီချင်းခွေ ဖြစ်သည့် ''လူတန်းစေ့'' အခွေတွင် အားရကျေနပ်
မှုမရှိသဖြင့် ဒုတိယ တစ်ကိုယ်တော် အခွေအတွက် အကောင်းဆုံး
ပြင်ဆင် နေကြောင်း သိရသည်။
''ကျွန်တော် အခု ဒုတိယ အခွေအတွက် ပြင်ဆင် နေပါတယ်။ ပထမ တစ်ကိုယ်တော် အခွေ တုန်းက သီချင်း အေးအေးလေးတွေ များသွားတဲ့ အတွက် အခွေက ကျွန်တော် ထင်သလောက် မပေါက်ဘူး ဖြစ်သွား တယ်။ ဒါကြောင့် ဒုတိယအခွေမှာ ကျွန်တော် အကောင်းဆုံး ပြင်ဆင်
နေပါတယ်။ သီချင်းကတော့ ၁ဝ ပုဒ်လောက် ပါမှာပါ။ CD ထက် ကျွန်တော် DVD တန်းထွက်အောင် လုပ်မှာ ဆိုတော့ အချိန်နည်းနည်းတော့ ယူနေတယ်။ ဒီ အခွေမှာ သီချင်း အားလုံးကို ကျွန်တော် ကိုယ်တိုင်ေ ရးထား ပါတယ်'' ဟု D ယံက ပြောပြ ခဲ့သည်။ ဆက်လက်၍ ဂီတ အစည်းအရုံးမှ မကြာမီတွင် ပေးအပ်မည့် ဂီတ ထူးချွန်ဆုနှင့် ပတ်သက်၍လည်း Dယံက ''ကျွန်တော့် အနေနဲ့ ဒီလို ဆုတွေ ပေးမယ်လို့ ကြားတဲ့ အတွက် ဝမ်းသာ ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့
မျှော်မှန်းထားတာမျိုး မရှိပေမယ့် သူများ နိုင်ငံတွေ မှာလို ထူးထူးချွန်ချွန် ပြောင်ပြောင်မြောက်မြောက် လုပ်နိုင် ရင်တော့ ဒီလို ဆုမျိုးကို ရမှာပါ” ဟု ပြောပြခဲ့သည်။

0 မှတ်ချက်များ for "ဒုတိယအခွေကို အကောင်းဆုံးပြင်ဆင်နေတဲ့ D ယံ"