ကမ္ဘာအနှံ့အပြားမှ မွတ်ဆလင်များ အစ္စလာမ်မစ် နိုင်ငံတော်သစ်တွင် လာရောက်နေထိုင်ဖို့ ISIS အဖွဲ့၏ ခေါင်းဆောင်က ဖိတ်ခေါ်
ဆီးရီးယားနှင့် အီရတ်တို့ နယ်မြေအများကို သိမ်း ပိုက်ပြီး အစ္စလာမ်မစ် နိုင်ငံတော် ထူထောင် သည်ဟု ကြေညာခဲ့ပြီးနောက် ၎င်းနိုင်ငံတော်သစ် တွင် လာရောက်နေထိုင်ကြဖို့ ကမ္ဘာအနှံ့အပြားမှ မွတ်ဆလင်များအား ISIS အဖွဲ့၏ ခေါင်းဆောင်က ဖိတ်ခေါ် လိုက်သည်။
“အို၊ မွတ်ဆလင် အပေါင်းတို့။ ခင်ဗျားတို့ရဲ့ နိုင် ငံတော်ကို အမြန်ဆုံး
လာခဲ့ပါ။ ဟုတ်ပါတယ်။ ဒါဟာ ခင်ဗျားတို့ရဲ့ နိုင်ငံတော်ဖြစ်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ဆီးရီးယားဟာ ဆီးရီယန်းတွေအတွက်ချည်း မဟုတ်ဘူး။ အီရတ်ဟာ
အီရတ်နိုင်ငံသားတွေ အတွက်ပဲ မဟုတ်ဘူး”ဟု ဘဂ္ဂဒက်ဒီက ဇူလိုင်လ (၁) ရက်နေ့တွင်
လွှင့်တင်သော အသံဖိုင် အတွင်း၌ ပြောဆို ထားသည်။
ဘဂ္ဂဒက်ဒီက
“နေရာတိုင်းက မွတ်ဆလင် အပေါင်းတို့။ ခင်ဗျားတို့ အားလုံးဟာ Hijrah
အခွင့်အရေး (အစ္စလာမ်မစ် နိုင်ငံတော်တွင် အခြေချ နေထိုင်ခွင့်) ရှိပါတယ်။
အစ္စလာမ် နယ်မြေမှာ ပြောင်းရွှေ့ အခြေ ချခြင်းဟာ မဖြစ်မနေ လုပ်ဆောင်သင့်တဲ့
ဝတ္တရားတစ်ရပ်ပါ”ဟုလည်း တိုက်တွန်းထားသည်။
အီရတ်အစိုးရသည် နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်း ဒေသများရှိ နယ်မြေအများအပြားကို ISIS တို့ထံ လက်လွှတ် ဆုံးရှုံးလိုက်ရပြီးနောက် ဆွန်နီမွတ်ဆလင် စစ်သွေးကြွတို့ အနေဖြင့် ၎င်းတို့၏ အဓိက ရည်မှန်း ချက်ဖြစ်သည့် အစ္စလာမ်မစ် နိုင်ငံတော် ထူထောင်ရေးကို ခြေတစ်လှမ်းတိုး အကောင်အထည် ဖော် လာခြင်း ဖြစ်ပြီး ISIS က မိမိတို့၏ နိုင်ငံတော်သည် ဆီးရီးယားမြောက်ပိုင်း အေလက်ပိုမှ အီရတ် အရှေ့ပိုင်း ဒိုင်ယာလာထိ ကျယ်ပြန့်ကြောင်း ကြေညာထားသည်။
ISIS ခေါင်းဆောင် ဘဂ္ဂဒက်ဒီကို ကိုယ်ပျောက် ရှိတ်ခ်ဟုလည်း ခေါ်ဝေါ်လေ့ရှိပြီး ၎င်း၏ အကြောင်းကို သိရှိသူ အလွန်နည်းပါသည်။ အယ်လ်ကေးဒါး ခေါင်းဆောင်များဖြစ်သည့် အိုစမာ ဘင်လာဒင်၊ အေမန်အယ်လ် ဇာဝါဟာရီ တို့ကဲ့သို့ ဗီဒီယိုဖြင့် မျက်နှာဖော်ပြမှုမျိုးလည်း ပြုလုပ်လေ့ မရှိကြောင်း သိရှိရသည်။
_Ref: BBC


0 မှတ်ချက်များ for "ကမ္ဘာအနှံ့အပြားမှ မွတ်ဆလင်များ အစ္စလာမ်မစ် နိုင်ငံတော်သစ်တွင် လာရောက်နေထိုင်ဖို့ ISIS အဖွဲ့၏ ခေါင်းဆောင်က ဖိတ်ခေါ် "