ဟားမတ်စ် စစ်သွေးကြွတွေ ကို မြေပြင်ထိုးစစ်ဆင်ဖို့ အစ္စရေးလ် ပြင်ဆင်
ဂါဇာနဲ့ မိုင် ၆၀ ကျော်ဝေးတဲ့ အစ္စရေးလ် မြောက်ပိုင်း က Hadera မြို့ကို ရော့ကက် ဒုံးလက်နက်တွေနဲ့ ပစ်ခတ်နေတဲ့ ပါလက်စတိုင်း ဟားမတ်စ် စစ်သွေး
ကြွတွေကို အစ္စရေးလ်က လေကြောင်းနဲ့ ပြန်လည် တိုက်ခိုက်ခဲ့ပြီး မြေမြင် ထိုးစစ်ဆင်ဖို့ ပြင်ဆင် လိုက်ပါတယ်။
ကြွတွေကို အစ္စရေးလ်က လေကြောင်းနဲ့ ပြန်လည် တိုက်ခိုက်ခဲ့ပြီး မြေမြင် ထိုးစစ်ဆင်ဖို့ ပြင်ဆင် လိုက်ပါတယ်။
ဂါဇာဒေသက ဟားမတ်စ် စစ်သွေးကြွတွေကို တား ဆီးနိုင်ဖို့ မြေပြင်စစ်ဆင်ရေး ပြင်ဆင်နေတယ်လို့ အစ္စရေးလ် ကာကွယ်ရေးဝန်ကြီး Moshe Ya'alon က ပြောကြားပါတယ်။
တာဝန်ချထားတဲ့
အရန်တပ်ဖွဲ့ဝင် ၁၅၀၀ အပြင် အရန်တပ်ဖွဲ့ဝင်ပေါင်း ၄ သောင်းကို
ခေါ်ယူတာဝန်ပေးဖို့ အစ္စရေးလ်လုံခြုံရေးရာ Cabinet က ခွင့်ပြုထားသလို
မြေပြင်စစ်ဆင်ရေးလုပ်ဖို့ ဂါဇာနယ်စပ်ဘက်မှာ အစ္စရေးလ်တင့်ကားတွေ၊
သံချပ်ကာကားတွေကို အဆင်သင့်ချထားနေပြီး ကြည်းတပ်က အစောင့်တပ် သားတွေကို
ခေါ်ယူထားတယ်လို့ စစ်တပ်ပြောခွင့်ရ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က အစ္စရေးလ်ရဲ့ Operation Protective Edge လို့ ခေါ်ဆိုတဲ့ စစ်ဆင်ရေးအရ ဂါဇာကမ်းမြှောင်က
ဟားမတ်စ် စစ်သွေးကြွ ရော့ကက်တွေ ပစ်လွှတ်နေတဲ့ နေရာအပါအဝင် နေရာပေါင်း ၁၀၀ ကျော်ကို လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးလ်စစ်တပ် က ပြောပါတယ်။ အစ္စရေးလ်တောင်ဘက်မှာရှိတဲ့ မြေထဲပင်လယ်ကမ်းခြေကို ရောက်လာတဲ့ Hamas စစ်သွေးကြွ ၄ ယောက် ကို သုတ်သင်ခဲ့တယ်လို့လည်း အစ္စရေးလ်တို့က ဆိုပါတယ်။
ပါလက်စတိုင်း တာဝန်ရှိသူတွေက အစ္စရေးလ်က လေကြောင်းနဲ့တိုက်ခိုက်မှုကြောင့် ကလေး ၃ ယောက် အပါအဝင် ၁၉ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ဟားမတ်စ်အဖွဲ့က အစ္စရေးလ်ကို ရော့ကက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့အပေါ်
အိမ်ဖြူတော်ပြောခွင့်ရ Josh Earnest က အပစ်တင်လိုက်ပြီး အစ္စရေးလ်အနေနဲ့
ကိုယ့်ကိုကိုယ်ကာကွယ်ပိုင်ခွင့်ရှိတယ်လို့ ပြောကြား ပါတယ်။


0 မှတ်ချက်များ for "ဟားမတ်စ် စစ်သွေးကြွတွေ ကို မြေပြင်ထိုးစစ်ဆင်ဖို့ အစ္စရေးလ် ပြင်ဆင် "