ဆိုမာလီသမ္မတ အိမ်တော်ကို al-Shabab စစ်သွေးကြွတွေ ထပ်မံတိုက်ခိုက်
အယ်လ်ကေးဒါးတို့နှင့် ဆက်နွယ်မှုများ ရှိနေသည့် al-Shabab
အစ္စလာမ်မစ် စစ်သွေးကြွတွေက မိုဂါဒစ်ရှူး မြို့တော်ရှိ ဆိုမာလီသမ္မတ အိမ်တော်ကို ဇူလိုင်(၈)ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
သမ္မတ အိမ်တော်အဝင်ဝက အတားအဆီးကို ကားဗုံးထောင်တိုက်ခိုက်ပြီး စစ်သွေးကြွတွေ အိမ်တော်ဝင်းထဲ ဝင်လာတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ တိုက်ခိုက်ခံရချိန်မှာ ဆိုမာလီသမ္မတ Hassan Sheikh Mohamud အိမ်တော်မှာ မရှိဘူးလို့ လဲ ပြောပါတယ်။
အစိုးရတပ်နှင့် စစ်သွေးကြွတွေကြား ဇူလိုင်(၈)ရက် ညပိုင်းမှာ တိုက်ပွဲများပြီးဆုံးပြီး စစ်သွေးကြွ ၅ ယောက်သေဆုံး၊ အခြေအနေကို ထိန်းသိမ်းနိုင်ပြီးလို့ အာဏာပိုင်တွေက ထုတ်ပြန်သော်လည်း al-Shabab စစ်သွေးကြွဘက်ကတော့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဟု BBC သို့ ပြောကြားခဲ့သည်။
ဆိုမာလီယာမြို့တော် မိုဂါဒစ်ရှူးက al-Shabab တွေကို ၂ဝ၁၁ ခုနှစ်မှာ မောင်းထုတ်ခဲ့ပေမယ့် မြို့ရဲ့ပတ်ဝန်း ကျင် ဒေသအားလုံးကို al-Shabab တို့က ဝန်းရံသိမ်းပိုက်ထားပြီး
မိုဂါဒစ်ရှူး ကိုလည်း မကြာခဏ ထိုးစစ်ဆင် တိုက်ခိုက်လေ့ရှိသည်။
အစ္စလာမ်မစ် စစ်သွေးကြွ al-Shabab တို့သည် ဆိုမာလီသမ္မတ အိမ်တော်ကို ဖေဖော်ဝါရီလ တုန်းကလဲ ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပြီး အိမ်ဝင်းထဲထိ မဝင်နိုင်ခဲ့ဘူးလို့ သိရသည်။
အစ္စလာမ်မစ် စစ်သွေးကြွ al-Shabab တို့သည် ဆိုမာလီသမ္မတ အိမ်တော်ကို ဖေဖော်ဝါရီလ တုန်းကလဲ ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပြီး အိမ်ဝင်းထဲထိ မဝင်နိုင်ခဲ့ဘူးလို့ သိရသည်။


0 မှတ်ချက်များ for "ဆိုမာလီသမ္မတ အိမ်တော်ကို al-Shabab စစ်သွေးကြွတွေ ထပ်မံတိုက်ခိုက်"