အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲ ကျင်းပ
ကမ္ဘာ့ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့
အင်ဒိုနီးရှားရဲ့ သမ္မတ ရွေးကောက်ပွဲကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ဂျာကာတာ မြိုတော်ဝန်ဟောင်း Joko Widodo နဲ့ဗိုလ်ချုပ်ကြီးဟောင်း Prabowo Subianto တို့ ဝင်ပြီး ယှဉ်ပြိုင်ကြပြီး မဲဆန္ဒရှင် သန်းပေါင်း ၁၉၀ မဲပေး ခဲ့ကြပါတယ်။
ဂျာကာတာ မြိုတော်ဝန်ဟောင်း Joko Widodo နဲ့ဗိုလ်ချုပ်ကြီးဟောင်း Prabowo Subianto တို့ ဝင်ပြီး ယှဉ်ပြိုင်ကြပြီး မဲဆန္ဒရှင် သန်းပေါင်း ၁၉၀ မဲပေး ခဲ့ကြပါတယ်။
အင်ဒိုနီးရှား လူဆင်းရဲတွေ ကြားမှာ လူကြိုက်များပေ မယ့်
ဝီဒိုဒိုဟာနိုင်ငံရေး အတွေ့အကြုံအားနည်းပြီး မဲဆွယ်စည်းရုံရေးလဲ
ဖြစ်ကတတ်ဆန်း နိုင်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ Subianto ရဲ့ လူ့အခွင့်အရေး နောက်ခံ သမိုင်းကမကောင်း ဘူး လို့ ဝေဖန် ခံနေရပါတယ်။
ခေါင်းဆောင်ဆုံးဖြတ်နိုင်စွမ်း ရှိသူကို ရွေးချယ်ကြပါလို့ အင်ဒိုနီးရှား
လူငယ်တွေကို ဗိုလ်ချုပ်ကြီးဟောင်း Subianto က ပန်ကြားခဲ့ပြီး သိပ်မကြာခင်မှာပဲ သူဟာ လူထုရဲ့ ထောက်ခံမှုနဲ့ အခွင့်အာဏာ
လွှဲအပ်မှုကို အနိုင်ရခဲ့ပြီဆိုတာကို သူ့မဲဆွယ်စည်းရုံးရေးအဖွဲ့က ကောက်ယူတဲ့
လူထုစစ်တမ်းအရ ပြနေတယ်လို့ လူထု စုဝေးပွဲတခုမှာ ပြောခဲ့ပါတယ်။
မဲအရေအတွက် ၈၀% ကျော်ကို ရေတွက်ပြီးချိန်မှာ ဒီကနေ့ထွက်လာတဲ့ တရားဝင်
မဟုတ်သေးတဲ့ ရလဒ်တွေ အရ ဂျကာတာအုပ်ချုပ်ရေးမှူးဟောင်း Joko Widodo က
ဗိုလ်ချုပ်ကြီးဟောင်း Prabowo Subianto ကို မဲအရေ အတွက် ၅% နဲ့
ဦးဆောင်နေပါတယ်။
ဂျကာတာအုပ်ချုပ်ရေးမှူးဟောင်း Joko Widodo ကလည်း သတင်းစာရှင်းလင်းပွဲတခု မြန်မြန်လုပ်ပြီး သူ့ ကိုယ်သူ အနိုင်ရသူအဖြစ် ကြေညာခဲ့ပါတယ်။
တရားဝင် ရလဒ်တွေကိုတော့ နောက်ထပ် နှစ်ပတ်အကြာမှာ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာဖွယ် ရှိပါတယ်။


0 မှတ်ချက်များ for "အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲ ကျင်းပ"