ဂါဇာမှာစစ်ရေးအရ အရေးယူမှုတွေ ပိုမိုတိုးမြှင့် ဆောင်ရွက်မယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြောကြား
အစ္စရေးရဲ့ ပစ်မှတ်တွေ ဆက်လက် အတိုက်အခိုက် ခံနေရသ၍ ဂါဇာမှာ စစ်ရေးအရ အရေးယူမှုတွေ ပိုမို တိုးမြှင့် ဆောင်ရွက်မယ်ဆိုပြီး အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နာတန်ယာဟုက ပြောလိုက်ပါတယ်။
ဂါဇာကမ်းမြှောင်ကို ယာယီ ပြန်လည် သိမ်းယူဖို့ ခြေလျှင်တပ်တွေ စေလွှတ်ဖို့ နီးစပ်လာတယ်ဆိုပြီး အစ္စရေး ထောက်လှမ်းရေးရာ ဝန်ကြီး ယူဗယ်လ်စတိုင်းနစ်ဇ် ကလည်း ပြောပါတယ်။
လောလောဆယ် ဂါဇာကမ်းမြှောင် အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပိုမို ပြင်းထန်လာပြီး အရပ်သား အများစု ဖြစ်တဲ့ ပါလက်စတိုင်း ၅၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာမှာရှိတဲ့ ကျန်းမာရေးဌာနက ဆိုပါတယ်။
ဂါဇာအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဘဲန်ကီမွန်းက ဂါဇာဟာ အခုဆို ဓါးသွားပေါ် လျှောက်နေရပြီး အခြေအနေ ဆုတ်ယုတ် လာတာကနေ ဘယ်သူမှ မကိုင်တွယ် မထိမ်းသိမ်း နိုင်တော့တဲ့ အဖြစ်မျိုး ရောက်သွားနိုင်တယ် ဆိုပြီး သတိပေးထားပါတယ်။
ဒါ့အပြင် မစ္စတာဘန်ကီမွန်းက ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့ကို ဒုံးကျည်သုံး တိုက်ခိုက်နေမှုတွေ ရပ်တန့်ဖို့နဲ့ အစ္စရေးကိုလည်း လေကြောင်း တိုက်ခိုက်နေတာတွေ ရပ်ဖို့ တိုက်တွန်း လိုက်ပါတယ်။__ဘီဘီစီ


0 မှတ်ချက်များ for "ဂါဇာမှာစစ်ရေးအရ အရေးယူမှုတွေ ပိုမိုတိုးမြှင့် ဆောင်ရွက်မယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြောကြား"