နိုင်ငံမှာလာရောက်လည်ပတ်တဲ့ အမေရိကန်လက်ထောက် ဝန်ကြီးကို ဘာရိန်းအစိုးရ နှင်ထုတ်

ဆွန်နီ မွတ်ဆလင်ဘုရင် အုပ်ချုပ်နေတဲ့ ဘာရိန်းနိုင်ငံမှာ လာရောက်လည်ပတ်တဲ့ အမေရိကန် လက်ထောက်ဝန်ကြီး Tom Malinowsky ကို ဘာရိန်းနိုင်ငံကနေ ချက်ချင်း ထွက်သွားဖို့ ဘာရိန်းအာဏာပိုင်တွေက နှင်ထုတ် လိုက်ပါတယ်။

နိုင်ငံရေးလွတ်လပ်မှု၊ ညီမျှမှုတွေရဖို့ ရှီအာတွေက
နေ့စဉ် ဆန္ဒပြတောင်းနေတဲ့ ဘာရိန်းနိုင်ငံမှာ ၃ ရက် ကြာ လာရောက်လည်ပတ်တဲ့ ကန်ဝန်ကြီး Tom Malinowsky က ဒီမိုကရေစီ၊ လူ့အခွင့် အရေးနဲ့ အလုပ်သမားအရေးအတွက်   ရှီအာ အတိုက် အခံ
ခေါင်းဆောင်တဦးနဲ့ တွေ့ဆုံခဲ့မှုကြောင့် နှင်ထုတ်ခံရတာ ဖြစ် ပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Tom Malinowsky ဟာ  ဘာရိန်း နိုင်ငံရေး အုပ်စုချင်း မသင့်မြတ်အောင် လုပ်တယ်လို့ စွပ်စွဲသလို ဘာရိန်း ပြည်ထဲရေးကိုလည်း ဝင်စွက်ဖက်တယ်လို့ ဘာရိန်းနိုင်ငံခြားရေး ဌာနက စွပ်စွဲပါတယ်။

ဘာရိန်းမှာ အရေးကြီးတဲ့ အမေရိကန် ရေတပ်စခန်းတခုလဲ ချထားပါတယ်။

0 မှတ်ချက်များ for "နိုင်ငံမှာလာရောက်လည်ပတ်တဲ့ အမေရိကန်လက်ထောက် ဝန်ကြီးကို ဘာရိန်းအစိုးရ နှင်ထုတ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++