တရုတ်နိုင်ငံ လာရောက်လည်ပတ်တဲ့ ဂျာမန်ဝန်ကြီးချုပ်ကို အမေရိကန်ရဲ့ သူလျိုဟု စွပ်စွဲခံရ

စီးပွားရေးလုပ်ငန်း အခွင့်အရေးရရှိဖို့ ဂျာမနီဝန်ကြီး ချုပ် အိန်ဂျယ်လာမာခယ်လ် (Angela Merkel) က တရုတ်နိုင်ငံသို့ သုံးရက်ကြာ အလည်အပတ် ရောက်လာပြီး ဘေဂျင်းမြို့မှာ တရုတ်ဝန် ကြီးချုပ် လီခွန်ချန်း (Li Keqiang) နဲ့ ဒီနေ့မှာ တွေ့ ဆုံခဲ့ပါတယ်။ 

ဒါဟာ ဝန်ကြီးချုပ် Merkel အတွက် ၇ ကြိမ်မြောက် တရုတ်ပြည် ခရီးစဉ်ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံ ရောက်နေတဲ့ ဂျာမနီဝန်ကြီးချုပ် Merkelနဲ့ ဂျာမနီ စီးပွားရေးကိုယ်စားလှယ်တွေဟာ အမေရိကန်အတွက် သူလျှို လုပ်ပေးဖို့ ဖြစ်တယ်လို့ စွပ်စွဲခံနေရပါတယ်။ 

 ဒီစွပ်စွဲချက်တွေသာမှန်ခဲ့ရင် ဒါဟာမဟာမိတ် နိုင်ငံတွေအချင်းချင်း မယုံကြည်တဲ့သဘောကို ပြပါတယ်လို့ ဝန်ကြီးချုပ် Merkel က ဘေဂျင်းသတင်းစာ ရှင်းလင်းပွဲမှာ ပြော ပါတယ်။ 

တရုတ်ဝန် ကြီးချုပ် လီခွန်ချန်း (Li Keqiang) နဲ့ တွေ့ပြီးတဲ့နောက် ဝန်ကြီးချုပ် Merkel က တရုတ်သမ္မတ ရှီကျင်းပင် (Xi Jinping) နဲ့လည်း တွေ့ဖို့ ရှိပါတယ်။ 

 မတ်လတုန်းက မစ္စတာရှီအနေနဲ့ ဂျာမဏီကို လည်ပတ်ခဲ့ပြီး ခေါင်းဆောင်နှစ်ဦး ကုန်သွယ်ရေးနဲ့ စီးပွားရေး သဘောတူညီချက်တွေ အမျိုးမျိုးကို လက်မှတ်ထိုးခဲ့ပါတယ်။

0 မှတ်ချက်များ for "တရုတ်နိုင်ငံ လာရောက်လည်ပတ်တဲ့ ဂျာမန်ဝန်ကြီးချုပ်ကို အမေရိကန်ရဲ့ သူလျိုဟု စွပ်စွဲခံရ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++