လယ်ယာမြေတွေ သိမ်းဆည်းလုယက် ခံနေရတဲ့ ကရင်နီ လယ်သမားများ တရားစွဲခံရ
ကရင်နီ(ကယား) ပြည်နယ်ရောက်ရှိ မြန်မာအစိုးရ လက်နက်ကိုင် တပ်ဖွဲ့က ဒေသခံပြည်သူတွေထံက လယ်ယာမြေတွေအား သိမ်းဆည်းလုယက်ပြီး လယ်ယာပိုင်ရှင်တွေကို ပိုင်နက်ကျူးလွန်မှုနဲ့ ထပ်မံ အမှုဖွင့် တရားစွဲလိုက်ပါတယ်။
ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာရှိ ဒေသခံပိုင် လယ်ယာမြေတွေကို မြန်မာလက်နက်ကိုင်တပ်ဖွဲ့က လာရောက် သိမ်းဆည်းခဲ့ပြီး သိမ်းဆည်းခံရ လယ်ယာမြေတွေထဲမှာ ထွန်ယက်လုပ်ကိုင်နေတဲ့ လယ်ယာမြေ ပိုင်ရှင် ၁၉၀ ဦးကို ပိုင်နက်ကျူးလွန်မှုနဲ့ မြန်မာလက်နက်ကိုင်တပ်ဖွဲ့ အမှတ် ၅၃၁ ခြေမြန်တပ်ရင်းမှူးက အမှုဖွင့်ထားတယ်လို့ အမှုဖွင့်ခံထားရတဲ့ တောင်သူ ခူးအန်ထော်နီက ပြောပါတယ်။
တပ်သိမ်းနယ်မြေထဲ ထွန်ယက်သွားတဲ့သူတွေကို တစ်ရက်ကို ၁၀ ဦးစီ ရဲစခန်းမှာ လာရောက်အစစ်ဆေးခံဖို့ အကြောင်း ကြားလာတယ်၊ မနေ့က လာခေါ်သေးတယ်၊ တရားစစ်ဆေးခံဖို့ လူအယောက် ၂၀ ကို နှစ်ရက် အတွက်လာခေါ်တယ်၊ ရဲက လာဖို့ပြောသွားတယ်၊ ဒါပေမဲ့ မသွားနိုင်ဘူးလို့ပဲ အကြောင်းစာပြန်လိုက်တယ်၊ အဲ့ဒီမှာ ဝင်ရောက်ထွန်ယက် သွားတဲ့သူက အယောက် ၃၀၀ လောက်ရှိတယ် အဲ့ဒီလူ ၃ဝဝ လုံးကို တရားစွဲ ပါလို့ ပြောလိုက်တယ်"လို့ ဆိုပါတယ်။
ကရင်နီ(ကယား)ပြည်နယ် ဆိုလျားကူးရွာမှာရှိတဲ့ ဒေသခံ ပြည်သူပိုင်လယ်ယာမြေ ဧကပေါင်း ၁၂၀၀ ကျော်
လောက်ကို မြန်မာလက်နက်ကိုင်တပ်ဖွဲ့က ၁၉၉၀ ခုနှစ်လောက်မှာ လာရောက်သိမ်းဆည်းခဲ့တာ ဖြစ် ပါတယ်။
သိမ်းဆည်းထားတဲ့လယ်မြေတွေမှာ ၀င်ရောက်စိုက်ပျိုးမယ်ဆိုရင် တပ်ပိုင်မြေမှာ လုပ်ကိုင်တာဖြစ်ကြောင်း လက်မှတ်ရေးထိုးရမယ်လို့ မြန်မာလက်နက်ကိုင်တပ်ဖွဲ့ အမှတ် ၅၃၁ ခြေမြန်တပ်ရင်းမှူးက ညွှန်ကြားမှု အပေါ် ဒေသခံလယ်သမားတွေက ပြီးခဲ့တဲ့ မေလ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တို့မှာ ကန့်ကွက်ခဲ့ကြပါတယ်။

0 မှတ်ချက်များ for "လယ်ယာမြေတွေ သိမ်းဆည်းလုယက် ခံနေရတဲ့ ကရင်နီ လယ်သမားများ တရားစွဲခံရ"