လေကြောင်းဖောက်ခွဲရေး ပစ္စည်းတွေကို စ္စလာမ္မစ် အစွန်းရောက် တီထွင်မယ်လို့ သတင်းထွက်

လေကြောင်း လုံခြုံရေးစနစ် ကျော်လွှားနိုင်တဲ့
ဖောက်ခွဲရေး ပစ္စည်းများ အစ္စလာမ္မစ် အစွန်းရောက်တွေက တီထွင်မယ်လို့ သတင်း ထွက်ပေါ်တဲ့နောက် လေကြောင်းလိုင်းတွေကို လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားဖို့ အမေရိကန် အစိုးရက ဗုဒ္ဓဟူး နေ့က ကြေညာလိုက်ပါတယ်။

ကမ္ဘာ့အခြေအနေ အကဲခတ်ချက်တွေအရ အစ္စလာမ္မစ် အစွန်းရောက်တွေက အမေရိကကို တိုက်ခိုက်လာနိုင်တဲ့ အန္တရာယ် ရှိနေသေးတဲ့ အတွက် လေကြောင်း လုံခြုံရေးစနစ်ကို အဆင့်မြုင့်ဖို့ ညွှန်ကြား လိုက်တယ်လို့ အမေရိကန် ပြည်တွင်း လုံခြုံရေးဝန်ကြီး ဂျေးဂျွန်ဆင်က ပြောပါတယ်။

ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်း တွေလို လျှပ်စစ်ပစ္စည်းတွေ ကိုင်ဆောင်လာတဲ့ လေယာဉ်ခရီးသည်တွေကို သူတို့ သုံးတဲ့ ဘက်ထရီတွေ နေရာတကျ တပ်ဆင်မှု ရှိမရှိ ဖွင့်ပြဖို့ လုံခြုံရေးအရာရှိတွေက တောင်းဆို နိုင်တယ် လို့ သယ်ယူပို့ဆောင်မှု အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

အမေရိကန်ကို လာမယ့်လေကြောင်းလိုင်းတွေ စတင်ပျံသန်းမယ့် နိုင်ငံခြားလေဆိပ်တချို့မှာ တပ်ဆင်ဖို့ ရှိတဲ့ လုံခြုံရေးနည်းပညာ အစီအစဉ်သစ်တွေကို အမေရိကန်လုံခြုံရေးအရာရှိတွေက အသေးစိတ် ထုတ်ပြန် လိုက်ပါတယ်။

0 မှတ်ချက်များ for "လေကြောင်းဖောက်ခွဲရေး ပစ္စည်းတွေကို စ္စလာမ္မစ် အစွန်းရောက် တီထွင်မယ်လို့ သတင်းထွက်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++