အစ္စရေးနဲ့ ဟားမားစ် အပစ်အခတ်ရပ်စဲဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကြိုးပမ်းမည်
အစ္စရေးနှင့် ပါလက်စတိုင်း ဟားမားစ်အဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် အရှေ့ အလယ်ပိုင်း ဒေသသို့ လာရောက်မည်ဖြစ်ကြောင်း ဒေသ ဆိုင်ရာသတင်းဌာနများက ဇူလိုင် ၁၉ ရက် တွင် သတင်းထုတ်ပြန်သည်။
ထိုစဉ်အတွင်း အစ္စရေး၏ တိုက်ခိုက်မှု ကြောင့် ဂါဇာဒေသ၌ ဇူလိုင် ၁၉ ရက်က လူ ၂ဝ သေဆုံးခဲ့သည်။
အစ္စရေးနိုင်ငံသည် ဂါဇာ ဒေသ၌ မြေပြင်ထိုးစစ်ဆင်နွှဲမှုကို အရှိန် အဟုန်မြှင့်တင်ရန်လည်း ပြင်ဆင် လျက်ရှိ ကြောင်း သတင်းတွင်ဖော်ပြသည်။
စစ်ဆင်ရေးလုပ်ငန်းကြောင့် အရပ်သူ၊ အရပ်သားများ သေဆုံးရခြင်း မရှိစေရေး အတွက် ထိန်းထိန်း ချုပ်ချုပ်ဆောင်ရွက်ရန် အမေရိကန်ပြည်ထောင်စုက ယင်း၏မဟာ မိတ် အစ္စရေးနိုင်ငံကိုတိုက်တွန်းခဲ့သည်။ သို့ရာ တွင် အစ္စရေးနိုင်ငံအနေဖြင့် မိမိကိုယ်မိမိ ကာကွယ်ခွင့်ရှိသည်ဟုဆိုသည်။
အစ္စရေးနှင့် ပါလက်စတိုင်းဟားမားစ် အကြား နောက်ထပ်တင်းမာမှုတိုးပွားလာမည် ကို မိမိစိုးရိမ်မိကြောင်း အမေရိကန်သမ္မတ ဘာရတ်အိုဘားမားက ပြောကြားသည်။
အစ္စရေးပိုင်နက်နယ်မြေအတွင်း အစ္စရေး တပ်ဖွဲ့ဝင်များနှင့် မိမိတို့၏ တိုက်ခိုက်ရေး သမားများအကြား တိုက်ခိုက်ခဲ့ကြကြောင်း ဟားမားစ်အဖွဲ့ကပြောကြားသည်။ __ရိုက်တာ။
0 မှတ်ချက်များ for "အစ္စရေးနဲ့ ဟားမားစ် အပစ်အခတ်ရပ်စဲဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကြိုးပမ်းမည်"