အီဂျစ်နယ်ခြားစောင့်စခန်းကို အစ္စလာမ်မစ် တိုက်ခိုက်

အီဂျစ်နိုင်ငံအနောက်ဘက်ပိုင်းမှာ နယ်ခြားစောင့် ဂိတ်တစ်ခု အတိုက်အခိုက်ခံခဲ့ရပြီး အနည်းဆုံး တပ်သား ၂၀ သေဆုံး ခဲ့ရတယ်လို့ အီဂျစ် အာဏာပိုင်တွေ က ပြောပါတယ်။ 

လစ်ဗျားနဲ့ နယ်စပ်အနီးကစခန်းကို လက်နက် ကိုင်တွေက စက်သေနတ် လောင်ချာ စတဲ့ လက်နက်တွေ သုံးပြီး အပြင်းအထန်လာရောက် တိုက်ခိုက်ခဲ့တာလိုဆိုပါတယ်။

အီဂျစ်နိုင်ငံပိုင် သတင်းဌာနက အခုလို လာရောက်တိုက်ခိုက်ခဲ့သူတွေကို မှောင်ခိုကုန်ကူးသူတွေ ဆိုပြီး
ဖော်ပြနေပေမယ့် အီဂျစ် စစ်ဘက်ကတော့ အဲဒီ့သူတွေဟာ အစ္စလာမ်မစ် လက်နက်ကိုင်တွေလို့ ဆိုနေပါတယ်။ 

လာရောက် တိုက်ခိုက်ခဲ့သူတွေထဲက ၃ ဦး သေဆုံး သွားတယ်လို့လည်း သိရပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "အီဂျစ်နယ်ခြားစောင့်စခန်းကို အစ္စလာမ်မစ် တိုက်ခိုက်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++