တိုက်ပွဲပြင်းထန်းနေတာကြောင့် ဂါဇာဒေသခံ ၄သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေရ
ဂါဇာဒေသမှာ အစ္စရေးနဲ့ ပါလက်စတိုင်း ဟားမတ်စ် စစ်သွေးကြွကြား တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် အိုးအိမ်တွေစွန့် ထွက်ပြေးရတဲ့ ဂါဇာဒေသခံ ၄ သောင်းကျော် ရှိပြီးလို့ကုလ သမဂ္ဂက ပြော ပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ရွေ့ပြောင်းဖို့ ယာယီနေထိုင်ဖို့ စခန်းနေရာတွေကို ရှာဖွေ နေ ကြရတဲ့ အရေအတွက်ဟာ တစ်ရက်အတွင်းမှာကို ၂သောင်း ၂ ထောင် ကနေ ၂ ဆ မြင့်တက်လာနေတယလို့ ဂါဇာမှာရှိတဲ့ လသမဂ္ဂအရာရှိတွေက ပြော ပါတယ်။
ဂါဇာတောင်ပိုင်း မြေပြင်အပစ်ခတ်မှုတွေကြောင့် ပါလက်စတိုင်း အရပ်သားတွေဟာ ဂါဇာအနောက် ဘက်ပိုင်းကို ဦးတည်ထွက်ပြေး နေကြတယ်လို့ ဆိုပါတယ်။
သောကြာနေ့တုန်းက ဟားမတ်စ်စစ်သွေးကြွတွေဟာ အစ္စရေးတောင်ပိုင်းကို ဒုံးကျည်တွေနဲ့ တနေကုန် ပစ်ခတ်ခဲ့လို့ အစ္စရေးဘက်က စစ်သားတစ်ဦး သေဆုံးခဲ့ပြီး အစ္စရေးခုခံတိုက်ခိုက်ခဲ့တာကြောင့် ပါလက် စတိုင်း ဟားမတ်စ်ဘက်က အယောက် ၄၀ ထက်မက သေဆုံးခဲ့ပါတယ်။
အစ္စရေးရဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်ရှိတဲ့အပေါ် အမေရိကန်က ထောက်ခံပါကြောင်းနှင့် စစ်ရေးအရ တိုက်ခိုက်မှုတွေ ပိုမိုမဖြစ်ပေါ်ဖို့လည်း အမေရိကန်သမ္မတအိုဘားမားက အစ္စရေးဝန်ကြီးချုပ် နာတန်ယာဟု ကို ဖုန်းနဲ့ဆက်သွယ် စကားပြောဆိုခဲ့ရာမှာ ပြောပါတယ်။
ပါလက်စတိုင်း ဟားမတ်စ်တွေရဲ့ ဒုံးကျည်တွေ ဝှက်ထားတဲ့ လှိုင်ခေါင်းတွေကို ရှာဖွေဖျက်စီးနိုင်ရေး မြေပြင် စစ်ဆင်ရေးတွေ တိုးချဲ့ ပြလုပ်ဖို့ အစ္စရေးရဲ့ လုံခြုံရေးဆိုင်ရာ ကက်ဘိနက်က စည်းဝေးဆုံးဖြတ် အမိန့် ချလိုက်ပါတယ်။
0 မှတ်ချက်များ for "တိုက်ပွဲပြင်းထန်းနေတာကြောင့် ဂါဇာဒေသခံ ၄သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေရ"