အလည်ပတ်ရောက်လာတဲ့ အမေရိကန်ရေတပ်စစ်ဦးစီးချုပ်ကို စစ်ရေးပြ အခမ်းအနားနဲ့တရုတ်ကြိုဆို
တရုတ်နိုင်ငံကို အလည်လာတဲ့ အမေရိကန်ရေတပ် စစ်ဦးစီးချုပ် ဂျိုနသန် ဂရင်းနာ့သ်အား တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ ရေတပ်စစ်ဦးစီးချုပ် ၀ူရှန်လိက ဇူလိုင် ၁၅ ရက်နေ့ ပီကင်းမြို့တော်မှာ စစ် အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။
ဇွန် ၂၆ ရက်ကနေ သြဂုတ် ၁ ရက်နေ့အထိ ၅ပတ်ကြာ ဟာဝိုင်ယီမှာ ကျင်းပပြုလုပ်နေတဲ့ ၂၂ နိုင်ငံက
ရေတပ်များ စစ်ရေး ပူးပေါင်းလေ့ကျင့် မှုပြုလုပ်နေစဉ်မှာ အမေရိကန်ရေတပ် စစ်ဦးစီးချုပ် ခုလိုလာရောက် လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီ ၅ ပတ်ကြာ စစ်ရေးပူးပေါင်းလေ့ကျင့်မှုဟာ အမေရိကန်က ဦးဆောင်တာဖြစ်ပြီး တရုတ်အပါအ၀င် ၂၂ နိုင်ငံက စစ်သည် ၂ သောင်းခွဲနဲ့ စစ်လေယာဉ် အစီး ၂၀၀ ကျော် ရေယာဉ် ၅၅ စီး ပါဝင်လေ့ကျင့် တယ်လို့ သိရပါတယ်။
အမေရိကန်ဦးဆောင်တဲ့ စစ်ရေးပူးပေါင်းလေ့ကျင့်မှုမှာ တရုတ်ပူးပေါင်းပါဝင်မှု ပထမဆုံးအကြိမ် ဖြစ် ပါတယ်။
စစ်ရေးပူးပေါင်းလေ့ကျင့်မှုမှာ တရုတ်ပါဝင်လာတာဟာ
အရှိန်မြင့်နေတဲ့ အငြင်းပွားမှုတွေ ဖြေလျော့နိုင်ပြီး အပြန်အလှန် လေးစားမှုအတွက် ယုံကြည်မှုတွေကို တည်ဆောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင့် အမေရိကန်က ပြောပါတယ်။
တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ မဟာမိတ် ဂျပန်နဲ့ ဖိလစ်ပိုင်တို့ကြားမှာ ရေပိုင်နက်အငြင်းပွားနေမှု
တင်းမာနေသလို ရေပိုင်နက် အငြင်းပွားမှုကြောင့် တရုတ်နဲ့ ဗီယက်နမ်ကြား ပဋိပက္ခ ဖြစ်ပွားခဲ့၍ တင်းမာ မှုတွေ ဆက်ရှိနေပါတယ်။
0 မှတ်ချက်များ for "အလည်ပတ်ရောက်လာတဲ့ အမေရိကန်ရေတပ်စစ်ဦးစီးချုပ်ကို စစ်ရေးပြ အခမ်းအနားနဲ့တရုတ်ကြိုဆို"