ကမ္ဘောဒီးယား ပြည်သူတွေက အတိုက်အခံခေါင်းဆောင်ကို ကြိုဆို

ထောင်ဒဏ် နှစ် ၃၀ အထိ ချမှတ်နိုင်တဲ့အမှုနဲ့ စွဲချက် တင်ထားခံရလို့ ပြည်ပမှာ ၁နှစ်နီးပါး ထွက်ပြေး တိမ်းရှောင်ခဲ့ရတဲ့ ကမ္ဘောဒီးယားအတိုက်ခံ နိုင်ငံရေးခေါင်းဆောင် Sam Rainsy ပြန်လာ တာကို ထောင်နဲ့ချီတဲ့ ကမ္ဘောဒီယားပြည်သူတွေက ကြိုဆိုခဲ့ကြပါတယ်။

မနှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မဲမသမာ မှုတွေရှိတယ် ဆိုပြီး ရွေးကောက်ပွဲကို ဆန့်ကျင် ကန့်ကွက်ကြဖို့ ပြည်သူတွေကို စည်းရုံးလှုံ့ဆော်ခဲ့သလို ကမ္ဘောဒီးယားအမျိုးသား ကယ်ဆယ်ရေးပါတီထဲက အမတ်တွေ လွှတ်တော် ကနေ နုတ်ထွက် ကြပြီးတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ရွေးကောက်ပွဲအသစ်ကျင်းပပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြတဲ့ ကမ္ဘောဒီးယားအမျိုးသားကယ်ဆယ်ရေးပါတီအဖွဲ့ဝင်တွေဟာ လုံခြုံရေးဝန်ထမ်းတွေကြား အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး ကမ္ဘောဒီးယားအမျိုးသား ကယ်ဆယ်ရေးပါတီ အမတ် ၇ ဦးနဲ့ ပါတီအဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံခဲ့ရပြီးတော့ ကမ္ဘောဒီးယားနိုင်ငံမှာ နိုင်ငံရေးတင်းမာမှုတွေ ပိုပြီးမြင့်မားလာခဲ့ပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုဖြစ်အောင် လှုံ့ဆော်မှု ထောင်ဒဏ် နှစ် ၃၀ အထိ ချမှတ်နိုင်တဲ့အမှုနဲ့ စွဲချက်တင်ထား ခံရတဲ့ ကမ္ဘောဒီးယားအမျိုးသားကယ်ဆယ်ရေးပါတီ ခေါင်းဆောင် Sam Rainsy က ပြည်ပမှာ ၁ နှစ်နီးပါး ထွက်ပြေး တိမ်းရှောင်နေခဲ့ရပြီးတော့ ဇူလိုင်လ ၂၈၊ ရွေးကောက်ပွဲနှစ်ပတ်လည် မရောက်ခင် တပတ်အလို မှာ အခုလိုမျိုး သူပြန်လာခဲ့တာ ဖြစ်ပါတယ်။

0 မှတ်ချက်များ for "ကမ္ဘောဒီးယား ပြည်သူတွေက အတိုက်အခံခေါင်းဆောင်ကို ကြိုဆို "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++