အစ္စရေးတိုက်ခိုက်မှုကြောင့် အင်္ဂါနေ့ တနေ့တည်းမှာ ဟားမတ်စ်စစ်သွေားကြွ ၃၀ ထက်မနည်း သေဆုံး

လူသားချင်စာနာ ထောက်ထားတဲ့အနေနဲ့ ဒေသ စံတော်ချိန် ဒီကနေ့ ညနေ ၃ နာရီကစပြီး ၄ နာရီ ကြာ အပစ်အခတ်ရပ်စဲဖို့ အစ္စရေးက ပြောဆိုလိုက် ပါတယ်။

ဂါဇာမြောက်ပိုင်းမှာ ပါလက်စတိုင်း ဒုက္ခသည်တွေ အတွက် နေစရာအဖြစ် စီစဉ်ပေးထားတဲ့ Jebaliya ဒုက္ခသည်စခန်းထဲက စာသင်ကျောင်းကို ကျဉ်ဆံ ထိမှန်လို့   စာသင်ကျောင်းနံရံတွေ ပျက်ဆီး ကုန်ပါတယ်။

ကုလသမဂ္ဂဖွင့်ထားတဲ့ ကျောင်းကတော့ အိမ်ထက် ပိုပြီး လုံခြုံမှာပဲဆိုပြီး ဒီကိုလာကြတာမှာ ခုလိုတိုက်ခိုက်ခံ ရတော့ သေမယ့်အတူတူ ကိုယ့်အိမ်ကိုယ်ပြန် သေတော့မယ်လို့ ပြောတဲ့သူတွေလည်း ပြောဆို ပါတယ်။

ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂက ဖွင့်ထားပေးတဲ့ ကယ်ဆယ်ရေးစခန်း ၈၅ နေရာရှိပြီး ပါလက်စတိုင်း ၂ သိန်းလောက်က ဒီလိုနေရာတွေမှာ ခိုလုံနေကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဇူလိုင် ၃၁ ရက်နေ့အထိ အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် အစ္စရေးဘက်က အရပ်သားများအပါအ၀င် ၅၈ ဦး သေဆုံးပြီး ပါလက်စတိုင်းဘက်ကလည်း အရပ်သားများအပါဝင် ၁၃၇၂ ကျော် သေဆုံးခဲ့ရပါတယ်။

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင် ၂၉ ရက် အင်္ဂါနေ့ တနေ့တည်းမှာ ပါလက်စတိုင်း Hamas စစ်သွေားကြွ ၃၀ ထက်မနည်း သေဆုံးသွားပါတယ်။

0 မှတ်ချက်များ for "အစ္စရေးတိုက်ခိုက်မှုကြောင့် အင်္ဂါနေ့ တနေ့တည်းမှာ ဟားမတ်စ်စစ်သွေားကြွ ၃၀ ထက်မနည်း သေဆုံး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++