ပင်တဂွန်စစ်ဌာနချုပ်က အစ္စရေးကို ကာကွယ်ရေး လက်နက်ပစ္စည်းများ ကူညီပေး
ဟားမားစ် စစ်သွေးကြွ တိုက်ခိုက်မှုအပေါ် ခုခံကာတဲ့ အစ္စရေးကို အဆင့်မြှင့်ကာကွယ်ရေး လက်နက် ပစ္စည်းများ အကောင်းစားတွေ ရောင်းချပေးဖို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က သဘောတူ လိုက် ပါတယ်။
ကာကွယ်ရေး လက်နက်ခဲယမ်းများ ဖြည့် တင်းနိုင်
ရေး အကူအညီပေးဖို့ အစ္စရေး တောင်းဆိုမှုအပေါ် သဘောတူလိုက်ပြီးလို့ ပင်တဂွန် စစ်ဌာနချုပ်က ဇူလိုင် (၃၀)ရက်မှာ ကြေညာခဲ့ပါတယ်။
ရေး အကူအညီပေးဖို့ အစ္စရေး တောင်းဆိုမှုအပေါ် သဘောတူလိုက်ပြီးလို့ ပင်တဂွန် စစ်ဌာနချုပ်က ဇူလိုင် (၃၀)ရက်မှာ ကြေညာခဲ့ပါတယ်။
ပင်တဂွန်က ဇူလိုင်(၂၀)ရက်တွင် အစ္စရေးသည် ၎င်းတို့၏ လက်နက်တိုက်ကို ပြန်လည်ကူညီ ဖြည့်ဆည်း ရန်
တောင်းဆိုခဲ့ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနက နောက်ထပ် (၃)ရက်အကြာတွင် ကာကွယ်ရေး ဝန်ကြီး ဌာနက သဘောတူညီခဲ့ကြောင်း ဆိုပါတယ်။
ကာကွယ်ရေးပစ္စည်းတွေ ရောင်းချခြင်းဟာ ဒီလုပ်ဆောင်မှုမှာ အပါအဝင်ဖြစ်တယ် ပင်တဂွန်ပြောရေး ဆိုခွင့်ရအရာရှိ နောက်တန်း သေနာပတိ ဂျွန်ကာဘီက ပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ အစ္စရေးတွင် လျှို့ဝှက်လက်နက်တိုက်တစ်ခုကိုထားရှိပြီး အရေးကြုံပါက အစ္စရေးက ထို လက်နက်တိုက်မှ ခဲယမ်းမီးကျောက်များကို ဝယ်ယူနိုင်အောင် စီစဉ်ပေးထားသည်။
ဟားမားစ်တို့က အစ္စရေး ပိုင်နက်ဘက်သို့ ဒုံးကျည်များ ပစ်ခတ်နေဆဲဖြစ်ပြီး နှစ်ဖက်စလုံးက တိုက်ခိုက်မှု အရှိန်အဟုန်ကို မြှင့်တင်နေဆဲဖြစ်ပါတယ်။


0 မှတ်ချက်များ for "ပင်တဂွန်စစ်ဌာနချုပ်က အစ္စရေးကို ကာကွယ်ရေး လက်နက်ပစ္စည်းများ ကူညီပေး"