မျက်နှာမဖုံးထားတဲ့ ဆိုမာလီ အမျိုးသမီးတဦးကို အစ္စလာမစ်ပစ်သတ်

ဆိုမာလီယာနိုင်ငံတောင်ပိုင်း Lower Juba ဒေသ မှာ မွတ်ဆလင်တို့ရ ဓလေ့ထုံးစံကို ငြင်းဆန်ပြီး မျက်နှာကို ပုဝါနဲ့မဖုံးထားတဲ့ ဆိုမာလီ အမျိုးသမီး တဦးကို အစ္စလာမစ်အဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်သတ် လိုက်ပါတယ်။

အမျိုးသမီးကို ခေါင်းဆောင်းပုဝါအုပ်ဖို့ အမျိုးသမီး အိမ်ကို အယ်လ်ရှာဘာ့ဘ် အစ္စလာမစ်အဖွဲ့ ဝင်တွေ ရောက်လာ ပြောခဲ့တယ်လို့ သူ့ဆွေမျိုးတွေ က ပြန်ပြောပြပါတယ်။

အဲဒီနောက်တခါပြန်လာပြီး ပုဝါမအုပ်သေးတာကိုတွေ့လို့ အယ်လ်ရှာဘာ့ဘ် အစ္စလာမစ် အဖွဲ့ခေါင်းဆောင်းက သေနတ်နဲ့ ပစ်သတ်သွားခဲ့တာလို့ဆိုပါတယ်။

အယ်လ်ရှာဘာ့ဘ်အဖွဲ့ကတော့ အဲဒီ အမျိုးသမီးကို သူတို့သတ်တာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပြီး အဲဒီ အမျိုးသမီးနေထိုင်ရာ ကို သူတို့ အပြည့်အဝ ထိန်းချုပ် မထားဘူးလို့ ပြောပါတယ်။

ဆိုမာလီယာ တောင်ပိုင်းနဲ့ အလယ်ပိုင်းက ဒေသအတော်များများကို အယ်လ်ရှာဘာ့ဘ်အဖွဲ့က ထိန်းချုပ် ထားပြီး အမျိုးသမီးတွေနဲ့ အမျိုးသားတွေ ဘယ်လို ဝတ်စားဆင်ယင်ရမလဲဆိုတာ အပါအဝင် တင်းကြပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေ ချမှတ်ထားပါတယ်။__Ref: BBC

0 မှတ်ချက်များ for "မျက်နှာမဖုံးထားတဲ့ ဆိုမာလီ အမျိုးသမီးတဦးကို အစ္စလာမစ်ပစ်သတ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++