တရုတ်ကွန်မြူနစ်ပါတီ အာဏာအရှိဆုံး ပေါ်လစ်ဗျူရို အဖွဲ့ဝင်ဟောင်းကို အဂတိလိုက်စားမှုနဲ့ စုံစမ်းစစ်ဆေးခံရ

တရုတ်လုံခြုံရေး အကြီးအကဲဟောင်းလည်းဖြစ် ကွန်မြူနစ်ပါတီ ဦးဆောင်ကော်မတီရဲ့ အာဏာ အရှိဆုံး ပေါ်လစ်ဗျူရို အဖွဲ့ဝင်ဟောင်းတဦးလည်းဖြစ် တဲ့ Zhou Yongkang ကို အဂတိလိုက်စားမှုနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ တရုတ်အစိုးရက ကြေ ညာလိုက်ပါတယ်။ 

အငြိမ်းစား တရုတ်ဝါရင့် နိုင်ငံရေးသမား Zhou Yongkang အပေါ် သံသယရှိထားတဲ့ ပြစ်မှုနဲ့ ပတ်သ က်ပြီး ကျူးလွန်တဲ့ ပြစ်မှုဆိုင်ရ အသေးစိတ် အချက် အလက်တွေ ဖော်ပြမထားဘဲ ကြီးမားတဲ့ စည်းကမ်းချိုးဖောက်မှု တခုအတွက် စုံစမ်းစစ်ဆေးနေ တယ်လို့ တရုတ်အစိုးရ ပိုင် Xinhua သတင်းဌာနက အင်္ဂါနေ့မှာ ဖော်ပြ ပါတယ်။ 

တရုတ်နိုင်ငံရဲ့ အဆင့်မြင့်ခေါင်းဆောင်ရဲ့တာဝန်ကို ၂၀၁၂ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးတဲ့ အသက် ၇၁ နှစ် အရွယ်ရှိ မစ္စတာ Zhou အား စုံစမ်းစစ်ဆေးနေတာဟာ တရုတ်ကွန်မြူနစ်ပါတီ အမြဲတမ်းကော်မတီ ၀င်ဟောင်းကို ပြစ်မှုနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ် စုံစမ်းစစ်ဆေးခံခဲ့ရတာ ဖြစ် ပါတယ်။

ပြီးခဲ့နှစ် သြဂုတ်လကတည်းက Zhou ကို အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရတယ်ဆိုပြီး အတည်မပြုနိုင်တဲ့ သတင်းတွေ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖော်ပြ ခဲ့ကြပါတယ်။

0 မှတ်ချက်များ for "တရုတ်ကွန်မြူနစ်ပါတီ အာဏာအရှိဆုံး ပေါ်လစ်ဗျူရို အဖွဲ့ဝင်ဟောင်းကို အဂတိလိုက်စားမှုနဲ့ စုံစမ်းစစ်ဆေးခံရ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++