မိုးရေထဲတွင် ရိုက်ကူးခဲ့ရသော ကမ္ဘာကျော်ဇာတ်ဝင်ခန်းများ
မုတ်သုံရာသီနှင့် အညီ ကောင်းကင်တစ်ခုလုံးမည်းမှောင်နေပြီးလမ်းမများ တစ်လျောက် ရေကြီး၊
ရေလျှံနေသော မြင်ကွင်းမှာ အဆန်းတကြယ်မဟုတ်တော့ မိုးရာသီကို ကြိုက် နှစ်သက်တတ်ကြသော်လည်း မိုးရွာလွန်း၍ အလုပ်ပျက်ရသည့်အခါမျိုး၌ ပြစ်တင်စကားဆိုတတ်ကြသည်။ သို့ရာတွင် မိုးသည် ဟောလီးဝုဒ် ရုပ်ရှင် ဇာတ်ကားများ၌ အရေးပါသော အခန်းကဏ္ဍတွင်ရှိနေပြန်သည်။
ဟောလီးဝုဒ်ရုပ်ရှင်များကို ပြင်ပ၌ ရိုက်ကူးလေ့မရှိဘဲ စတူဒီယိုထဲတွင် ရိုက်ကူးသည်က များသည်။ ရိုက်ကူးရေးလိုအပ်ချက်အရ မိုးရွာသွန်းသော ဇာတ် ဝင်ခန်း များ ရိုက် ကူးရာတွင် သဘာဝအလျောက် ရွာသွန်းသည့်အခါ၌ ရိုက်ကူးသလို မိုးအတုဖန်တီးပြီးလည်း ရိုက်ကူးတတ်သည်။ မိုးအတုဖန်တီးရာ၌
ရေဖျန်းပိုက်များ သုံး၍ လည်းေ ကာင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးခြိမ်းခြင်းကို မီးမောင်းများ ဆလိုက်မီးများ မိုးရွာနေသော ပုံစံရေးဆွဲထားသော ပန်းချီကားချပ်များ သုံး၍လည်းကောင်း၊ ရိုက်ကူးလေ့ရှိသည်။ ဇာတ်လမ်းတစ်ခုလုံး၏ အဓိကကျသော ဇာတ်ဝင်ခန်းကို မိုးရေထဲ၌ ရိုက်ကူးရသော ဇာတ်ကားများရှိသည်။ အချို့ဇာတ်ဝင်ခန်းမှာ ခက်ခက်ခဲခဲ ရိုက်ကူးရခြင်းမျိုးဖြစ်သည်။
Life of Pi (2012)
ဒါရိုက်တာအန်းလီ၏ အနုပညာပြချက်တစ်ခုဖြစ်သော Life of Pi ရုပ်ရှင်၌ မိုးသည်အဓိက အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။ ရေများပြည့်လျှံနေသော မြင်ကွင်းမှာ သဘာ ဝကျလှသည်။ ပိုင်သည် သင်္ဘောပျက်သဖြင့် ကျားတစ်ကောင်နှင့်အတူ သမုဒ္ဒရာထဲ၌ လမ်းပျောက်နေခြင်းကို လက်ခံလိုက်ချိန်ဝယ်နောက်ဘက်၌ လျှပ်စစ် လက်နေ သည့် မြင်ကွင်းကို အန်းလီက စနစ်တကျပုံဖော်ရိုက်ကူးခဲ့သည်။
Singing in the Rain (1952)
Singing in the Rain ရုပ်ရှင်ဇာတ်ကားသည် နာမည်နှင့် လိုက်အောင် ဇာတ်ကားတစ်ကားလုံး မိုးအကြောင်းဖြစ်သည်။ ဒါရိုက်တာ ဂျင်းကယ်လီနှင့် စတန်လီဒိုနန်၏ လက် ရာဖြစ်ပြီး ဟာသဂီတပြဇာတ် ရုပ်ရှင်ဖြစ်သည်။ ယင်းရုပ်ရှင်ကို အမေရိကန်ဒေါ်လာ နှစ်သန်းကျော် အကုန်ခံရိုက်ကူးခဲ့ခြင်းဖြစ်သည်။
Spider-Man (2001)
ပင့်ကူလူသားအကြောင်းကို စိတ်ကူးယဉ်ဆန်စွာရိုက်ကူးထားသော Spider-Man ရုပ်ရှင်ကို လူကြီးရော ကလေးပါ နှစ်သက်လက်ခံခဲ့ကြသည်။ ပင့်ကူလူသားသည် အေ ဆာက်အအုံနှင့် ကပ်လျက်ပြောင်းပြန် အနေအထားဖြင့် ရှိနေစဉ် ၄င်း၏ ချစ်သူမိန်းကလေးနှင့် ချစ်ကြည်နူးသော ဇာတ်ဝင်ခန်းမှာ မိုးရေထဲတွင် ရိုက်ကူးခြင်းဖြစ်သည်။
Saving Private
Ryan (1998)
မိုးရွာနေသော ဇာတ်ဝင်ခန်းများကြောင့် အနှစ်သာရလျော့သွားသော အမေရိကန်စစ်ရုပ်ရှင်ဇာတ်ကား ဟူ၍မရှိပါ။ သေဆုံးသော ဇာတ်ဝင်ခန်းများ၌ မိုးရွာသွန်းနေခြင်း သည် ယင်းအဓိပ္ပာယ်ကို ပိုမိုပေါ်လွင်စေ သည်။ လူသေအလောင်းများပေါ်၌ ရွံ့နွံများနှင့် မိုးရေစက်များ ပေကျံနေသည်ကို ကြည့်ရသည်မှာ စစ်၏ဆိုးရွားခြင်း ကို မြင် သာစေသည်။_____ Ref;mid-day.com

0 မှတ်ချက်များ for "မိုးရေထဲတွင် ရိုက်ကူးခဲ့ရသော ကမ္ဘာကျော်ဇာတ်ဝင်ခန်းများ"