ကင်ဆာ ဝေဒနာရှင် များအတွက် အလှူငွေ တိုးပွားရန် ဆောင်ရွက်နေတဲ့ အေမီဝီလာတန်

၂ဝ၁၃ ခုနှစ်၏ ဂရိတ် ဗြိတိန် မယ်ကမ္ဘာဆုရှင်
ေေ အေမီဝီလာတန် သည် ကင် ဆာသမား များကို ကူညီရန် အတွက် မက်မီလန်ကင်ဆာ
ထောက်ပံ့ရေး အဖွဲ့နှင့် လက်တွဲ၍ ပဏာမခြေလှမ်း အဖြစ် အောင်သွယ်တော် ပြုလုပ်ကာ အလှူငွေ များတိုးပွားရန် ဆောင်ရွက်လျက် ရှိသည်။

ယခင့်ယခင်က သူမအား အောင်သွယ်တော် အဖြစ်တစ်ခါမှ မကြားဖူးခဲ့ သော်ငြား ယခုအခါတွင် My Mate Your Date ဟုခေါ်သော ဆိုဒ်တွင်
အောင်သွယ်တော်ပြု လုပ်ကာ ရန်ပုံငွေ ကောက်ခံနေလေသည်။

’ဒီဆိုဒ်မှာ ပါဝင်လှုပ်ရှားရတာ အလွန် စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ လူအချင်းချင်း ချိတ်ပေးရတာ ကိုလည်း နှစ်သက်တယ်။ ကျွန်မရဲ့ မိတ်ဆွေတွေကို ဒီအဖွဲ့မှာ ပါပြီး အလှူငွေတွေ ကောက်ခံ ဖို့ အားပေးမယ်။ တိုက်တွန်းမယ်။ ကင်ဆာနဲ့ ရင်ဆိုင်နေရတဲ့သူ တစ်ယောက်မှ မရှိအောင် ကူညီပေးဖို့
သေချာနေပါပြီ” ဟု အေမီက ဆန္ဒပြင်းပြ စွာ ထုတ်ဖော် ပြောပြခဲ့သည်။

ချစ်ရေးချစ်ရာ ကျွမ်းကျင်သူ အဲ လိဇဘက်စူးလီဒန် ကလည်း ”အွန်လိုင်း ကနေတွေ့ဆုံ ကြတာဟာ လူလွတ်တွေ အတွက်တော့ ကောင်းတဲ့ နည်းလမ်း တစ်ခုပါ။ ဘာလို့လဲ ဆိုတော့ သူစိမ်း တစ်ယောက် နဲ့တွေ့ရင် အာရုံတွေ လည်း နိုးကြွလာ တတ်ပါတယ်။ လူတွေက အလုပ်ကိစ္စတွေ များပြားလာပြီး
မြားနတ် မောင် နဲ့တွေ့ ဖို့တောင် မအားလပ်ကြ တော့ဘူးလေ။ ဒါကြောင့် My Mate Your Date ကလည်း ကောင်းမွန်တဲ့ အဆက် အသွယ်တွေ ရရှိလာစေမယ် လို့ ထင်ပါတယ်” ဟု ပြောကြား ခဲ့သည်။____KTZO

0 မှတ်ချက်များ for "ကင်ဆာ ဝေဒနာရှင် များအတွက် အလှူငွေ တိုးပွားရန် ဆောင်ရွက်နေတဲ့ အေမီဝီလာတန်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++