ယူဂန်ဒါနိုင်ငံတကာ လေဆိပ်ကို တိုက်ခိုက်မယ်လို့ အကြမ်းဖက်သမားတွေ ဆို
ယူဂန်ဒါက Entebbe နိုင်ငံတကာလေဆိပ်ကို တိုက်ခိုက်မယ်ဆိုပြီး အကြမ်းဖက် အမည်မသိ
အကြမ်းဖက် သမားအဖွဲ့ က ဇူလိုင် လ ၃ ရက် တိုက်ခိုက်မှုတွေ
ဖြစ်လာနိုင်တယ်လို့ ယူဂန်ဒါ နိုင်ငံမှာရှိတဲ့ အမေရိကန် သံရုံးက
သတိပေးလိုက်ပါတယ်။
ဇူလိုင် လ ၃ ရက် ည ၉ နာရီ က နေ ၁၁ အတွင်း အမည်မသိ
အကြမ်းဖက်သမားအဖွဲ့ က လေဆိပ်ကို တိုက်ခိုက်မယ်ဆိုတဲ့ သတင်းကို ယူဂန်ဒါ ရဲတပ်ဖွဲ့ထံမှ ရရှိထားတာဖြစ်တယ်လို့ ထောက်လှမ်း သတင်းရပ်ကွက်ကို ကိုးကားပြီး
သံရုံးက ဝက်ဆိုက်မှာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဘယ်လိုရည်ရွယ်ချက်နဲ့ အခုလို အကြမ်းဖက် လုပ်တာလည်းဆိုတာနဲ့ ဘယ်လေဆိပ်တွေမှာ လုပ်နေ တာလည်း ဆိုတာကိုတော့ သတိပေးထုတ်ပြန်ချက်ထဲမှာထည့်သွင်း မဖော်ပြပေးမဲ့ အဲဒီ လေဆိပ် ကနေ ခရီးသွားမယ် သူတွေအနေနဲ့ ခရီးစဉ်တွေ ပြန်စဉ်စားဖို့ သံရုံးက သတိပေးထားပါ တယ်။
အစောပိုင်းသတင်းတွေမှာ အယ်လ်ကိုင်းဒါးအဖွဲ့ဟာ လေယာဉ်ပေါ်ခိုးတင်နိုင်မယ့်
ဗုံးအသစ်တွေကို ထုတ် လုပ်နေဖွယ်ရှိတယ်ဆိုတဲ့ စိုးရိမ်ချက်တွေ ထွက်နေတာနဲ့အမျှ ပြည်ပလေဆိပ်တချို့မှာ လုံခြုံရေး တိုးမြှင့်
ဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက စီစဉ်နေတယ်လို့ သမ္မတ အိုဘားမားအစိုးရ တာဝန် ရှိသူတွေ ကပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုဆီ တိုက်ရိုက် ပျံသန်းတဲ့ ပြည်ပနိုင်ငံတွေက လေဆိပ်တချို့မှာ လုံခြုံရေး တိုးမြှင့်
ဆောင်ရွက်နေတဲ့အကြောင်း အမေရိကန် အမိမြေလုံခြံရေးဌာန အကြီးအကဲ Jeh Johnson ကပြောပါတယ်။

0 မှတ်ချက်များ for "ယူဂန်ဒါနိုင်ငံတကာ လေဆိပ်ကို တိုက်ခိုက်မယ်လို့ အကြမ်းဖက်သမားတွေ ဆို"