အစ္စရေးလ်နိုင်ငံမှာ ပါလက်စတိုင်း လူငယ်တဦး မီးရှို့သတ်ဖြတ်ခံရ

 အစ္စရေးလ်နိုင်ငံ ဂျေရုဆလင်မြို့ အာရပ်တွေနေထိုင်တဲ့ ရပ်ကွက်မှာ အမည်မသိသူတွေက ပါလက်စတိုင်း လူငယ်တဦးကို ပြန်ပေးဆွဲပြီး မီးရှို့သတ်ဖြတ်မှု ဖြစ် ပွားခဲ့ပါတယ်။

ပါလက်စတိုင်း လူငယ်တယောက်ကို ကားနဲ့ တင်ခေါ်သွား တဲ့အကြောင်း ဖုန်းဆက်တိုင်ကြားခဲ့ပြီး ရဲတွေ ရှာဖွေတဲ့ အချိန်မှာ မီးလောင် ကျွမ်းနေတဲ့ ရုပ်အလောင်းကို ဂျေရု ဆလင်မြို့ပြင်မှာ တွေ့ရှိရတယ် သိရပါတယ်။

ဒီသတ်ဖြတ်မှုဟာ အလွန်ယုတ်မာပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်ပြောခွင့်ရသူ Josh Earnest က ပြောဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း ဒီရာဇ၀တ်မှုဟာ အလွန်မတန် မနှစ်မြို့ဖွယ်ကောင်း တဲ့ လုပ်ရပ်ဖြစ်ပြီး၊ ကျနော်တို့အနေနဲ့ ဘယ်လိုပြောပြ ရမှန်း မသိအောင်ကို ၀မ်းနည်းစိတ်ထိခိုက် ရပါတယ်လို့  ပြောပါတယ်။

ပါလက်စတိုင်းလူငယ် မီးရှို့သတ်ဖြတ်ခံရတဲ့ကိစ္စနှင့်ပတ်သက်ပြီး ဒေါ်သထွက်နေတဲ့ ပါလက်စတိုင်း လူငယ်တွေက ဓာတ်ရထား ဘူတာရုံတွေက ခရီးသည် နားခိုရာ အဆောင်ငယ်တွေကို ဖြိုချ ဖျက်ဆီးခဲ့ကြပြီး ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြလို့ အစ္စရေးရဲတပ်ဖွဲ့ကလည်း မျက်ရည်ယိုဗုံးတွေ၊ ရာဘာ ကျည်ဆံတွေ အသုံးပြုပြီး လူစုခွဲခဲ့ပါတယ်။

အသိမ်းပိုက်ခံ အနောက်ဘက် ကမ်းခြေ ဒေသမှာ အစ္စရေး လူငယ်၃ ဦး ပြန်ပေးဆွဲ အသတ် ခံခဲ့ရပြီးနောက် ဒီလို ဖြစ်ပေါ်ခဲ့တာကြောင့် ဒါဟာ လက်စားခြေ လက်တုံ့ပြန်မှု ဖြစ်နိုင်တယ်လို့ အစ္စရေး ရဲတပ်ဖွဲ့က ပြော ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘဲန်ဂျမင် နာတန်ယာဟုကတော့ ဒီအမှုဟာ စက်ဆုပ်ဖွယ်ကောင်းတဲ့ လူသတ်မှု ဖြစ် တယ်လို့ ပြောပါတယ်။

0 မှတ်ချက်များ for " အစ္စရေးလ်နိုင်ငံမှာ ပါလက်စတိုင်း လူငယ်တဦး မီးရှို့သတ်ဖြတ်ခံရ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++