ခရိုင်းမီးယားဒေသကို ပြန်လည် သိမ်းယူမည်ဟု ယူကရိန်းပြော

ခရိုင်းမီးယားဒေသကို ပြန်လည် သိမ်းယူမည်ဟု အသစ် ခန့်အပ်ထားသည့် ယူကရိန်းကာကွယ်ရေး ဝန်ကြီးက ပြော ကြားလိုက်ပါတယ်။

ခရိုင်းမီးယားဒေသကို ပြန်လည်ရယူရေး မိမိတို့မှာ တာဝန် ရှိကြောင်း အသစ်ခန့်အပ်တဲ့ ယူကရိန်းကာကွယ်ရေး ဝန်ကြီး ဗလာရီဟီလတ်တေးက ဒီကနေ့ လွှတ်တော် တွင် ပြောကြားခဲ့တာဖြစ်ပါတယ်။ 

ဗိုလ်ချုပ်ဟီလတ်တေးကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ဖို့  ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်ကိုက အဆိုတင်သွားခဲ့ပြီး ဇူလိုင်(၃)ရက်တွင် လွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။ 

ခရိုင်းမီးယား၏ အချက်အခြာကျသော မြို့တော်ဆက်ဗက်စ်တိုပိုလ်မှာ အောင်ပွဲအခမ်းအနားတစ်ရပ် ကျင်းပနိုင်လိမ့်မည်”ဟု ဟီလတ်တေးက ပြောကြားပါတယ်။ 

 ရုရှားဩဇာခံ ယူကရိန်းအစိုးရ ပြုတ်ကျသွားပြီးနောက် ယူရိန်းနိုင်ငံ ခရိုင်းမီးယားဒေသမှာ နေထိုင်းတဲ့ ရုရှားလူမျိုးတွေက သိမ်းပိုက်လိုက်ခဲ့တာ ဖြစ်ပါတယ်။ 

ယူကရိန်းအရှေ့ပိုင်း ဒေသတွေမှာ ရုရှားလိုလားသူ ခွဲထွက်ရေးသမား သူပုန်များနှင့် ယူကရိန်း အစိုးရ တပ်များကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပါတယ်။ 

0 မှတ်ချက်များ for "ခရိုင်းမီးယားဒေသကို ပြန်လည် သိမ်းယူမည်ဟု ယူကရိန်းပြော"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++