ဘရာဇီးလ်ကမ္ဘာ့ဖလားပွဲမှာ အောင်မြင်သည်ဟု ဆပ်ဘလတ္တာဆို

ဘရာဇီးနိုင်ငံတွင် ကျင်းပလျက်ရှိနေသော ကမ္ဘာ့ ဖလားဘောလုံးပြိုင်ပွဲမှာ စီစဉ်ထားသည့် အတိုင်း ချောမွေ့နေသည်ဟု ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ပြောကြား လိုက်သည်။

ပြိုင်ပွဲအတွက် ပြင်ဆင်မှုများတွင် ပြဿ နာများရှိခဲ့ပြီး 

လဘီလီယံနှင့်ချီကုန်ကျမှုအား မကျေနပ်သည့် ဘရာဇီးလ်ပြည်သူများက ပြိုင်ပွဲမတိုင်ခင် ဆန္ဒပြမှုများပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ပြိုင်ပွဲလုံခြုံရေးအတွက် နိုင်ငံတကာမှ ဝေဖန်မှုများလည်း ရှိခဲ့သည်။

ဘလတ္တာကမူ ဝေဖန်မှုများအား တုံ့ပြန်ခဲ့ပြီး ပြိုင်ပွဲစတင်ချိန်၌ ဆန္ဒပြမှုများကို လျှော့ချနိုင်ခြင်းက ပြိုင်ပွဲ၏ အောင်မြင်မှုကို သက်သေပြနေသည်ဟုဆိုသည်။

“အားလုံးမှားပါတယ်။ ပြည့်စုံတဲ့ပြိုင်ပွဲတစ်ခုလို့တော့ မပြောလိုပါဘူး။ ဘောလုံးကွင်းတွေ အဆင်သင့်မဖြစ်ဘူးလို့ လူတိုင်းက ပြောခဲ့ကြပေမယ့် ဒီနေ့မှာတော့ အဲဒီဘောလုံးကွင်းတွေက အဆင်သင့်ဖြစ်နေပါပြီ။ ဒီကမ္ဘာ့ဖလားပြိုင်ပွဲဟာ အောင်မြင်မှုတစ်ခုထက်ကို ပိုပါတယ်။ ဖီဖာဟာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေတဲ့အတွက် ကျွန်တော် ကျေနပ်မိပါတယ်” ဟု ရီယိုဒီဂျနေရိုးရှိ Getulio Vargas ဖောင်ဒေးရှင်းတွင် ပြုလုပ်သော ဟောပြောပွဲတစ်ခုတွင် ဘလတ္တာက ပြောကြားခဲ့သည်။

ထိုနေရာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကုန်ကျစားရိတ်အတွက် ဆန္ဒပြခဲ့သည့် နေရာလည်းဖြစ်သည်။ ဇွန်လ ၁၂ ရက်နေ့က စတင်ကျင်းပခဲ့သော ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရှိအချိန်တွင် ကွာတားဖိုင်နယ် အဆင့်သို့ ရောက်ရှိနေပြီး ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ _____Goal

0 မှတ်ချက်များ for "ဘရာဇီးလ်ကမ္ဘာ့ဖလားပွဲမှာ အောင်မြင်သည်ဟု ဆပ်ဘလတ္တာဆို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++